ဆရာဟိန်းတင့်ဇော်၏ အရပ်ရှစ်မျက်နှာအကျိုးကျေးဇူး........
- ပရိဝါရ- အခြွေအရံ ပေါများစေသောအရပ်။
- အာယု-အသက်ရှည်ရာ အရပ်။
- နဂရ-မြို့ပြကျေးရွာ တည်ထောင်ရာအရပ်။
- ဘုမ္မိ-မကောင်းတာ စွန့်ပစ်ရာအရပ်။
- ဂဟပတိ-စည်းစိမ် ဥစ္စာထားသိုရာအရပ်။
- တေဇ-တန်ခိုးသြဇာရှိစေသောအရပ်။
- ဌာန- မြဲမြံစေသောအရပ်။
- သီရိ- ကျက်သရေ မင်္ဂလာ ရစေသော အရပ်။
အဲဒီတော့ မိတ်ဆွေတို့ အလုပ်မှာ ဘယ်ဘက်ကို မျက်နှာမူပြီး အလုပ်လုပ်မလဲ။ ဈေးဆိုင်ကို ဘယ်အရပ်ကို မျက်နှာမူထားမလဲ။ အိမ်သာကို ဘယ်ဘက်မှာ ဆောက်မလဲ။ အမှိုက်ပုံးကို ဘယ်နေရာမှာ ထားသင့်လဲ။ ကိုယ်ပိုင် ဥစ္စာပစ္စည်းတွေကို ဘယ်နေရာမှာ သိမ်းဆည်းထားသင့်လဲ။ စပါးတွေကို ဘယ်နေရာမှာ ကျဉ်ဆောက် သင့်လဲ။ ခေါင်းဆေးမင်္ဂလာကို ဘယ်အရပ်ဒေသ မျက်နှာမူ ပြုသင့်လဲ။ ကျက်သရေ မင်္ဂလာရှိအောင် ဘယ်အရပ်ကို ခေါင်းထားအိပ်သင့်သလဲ... အများကြီးပါပဲ...။
အရေးအကြီးဆုံးက ဘုမ္မိဆိုတဲ့အရပ်ပါ။ ဘုမ္မိဆိုတာ မကောင်းသော အညစ်အကြေး အညံ့အခိုက်များကို စွန့်ပစ်ရာ အရပ်လို့ ဆိုပါတယ်။ အဲဒီတော့ မိမိ၏ ဘုမ္မိကျရာအရပ်ကို သတိထားရှောင်သင့်ပါတယ်။ နေအိမ်ကို မျက်နှာပြု ဆောက်လုပ်တာတို့ ၊ မိမိ၏ အလုပ်စားပွဲကို မျက်နှာမူထားတာတို့ ၊ မျက်နှာမူ စီးပွားရှာတာတို့ မလုပ်သင့်ပါဘူး။ ခိုက်တတ် ညံ့တတ်ပါတယ်။ ပိတ်ဆို့စေပါတယ်။ ချုချာစေတယ်။ မအောင်မြင်တတ်ပါဘူး။
No comments:
Post a Comment