.........................................................................................................................................................................................................................................................................................................................................................................................................ကျွန်မရဲ့ ဖတ်မိဖတ်ရာ....မှတ်စုလေးတွေကို....၀င်ရောက်ကြည့်ရှုသွားသူ....မိတ်ဆွေအားလုံးကို... ကျေးဇူးတင်ပါတယ်ရှင်........။.........................................................................................................................................................................................................................................................................................................................................................................................................

Saturday, 30 June 2012

Touchphone တွေပေါ်မှာ စာရိုက်စရာကိစ္စ.....

Onscreen Keyboard တစ်ခုမှာ Settings လုပ်လို့ရတာတွေ အများကြီး ရှိတယ်။ Language & Keyboard settings အခန်းကျမှ ဖော်ပြတော့မယ်။ တချို့ဖုန်းတွေမှာတော့ Android Keyboard settings ဆီသွားချင်ရင် Microphone Key ( ) ကို ခပ်ကြာကြာဖိ Window အကွက်လေး ပေါ်လာရင် Setting icon ကလေးဆီကို Drag လုပ်သွားရုံပဲ။ ဖုန်းတိုင်းမှာတော့ ဒီလိုမျိုး မရပါဘူး။ တချို့ ဖုန်းတွေမှာကျတော့ စာရိုက်သွင်းတာကို ပါးစပ်က ခေါ်ပေးလို့ ရတယ်။ Entering text by speaking ပေါ့။
စာရိုက်သွင်းမယ်ဆိုရင် (Enter text by typing)
Text Field ခေါ်တဲ့ စာရိုက်ရမယ်။ Box ထဲ လက်နဲ့ထိလိုက်။ Onscreen Keyboard ပေါ်လာလိမ့်မယ်။ Text Field ထဲမှာ ရိုက်ပြီးသား စာသားတွေ ရှိတယ်ဆိုရင် ကိုယ်စရိုက်သွင်းချင်တဲ့ နေရာမှာ လက်ညှိုးနဲ့ ထောက်လိုက် Insertion point နဲ့ Tab ပေါ်လာမယ်။ လိုတဲ့ နေရာကို အတိအကျ မရသေးရင် Drag လုပ်ပြီး ရွှေ့ယူ။ Onscreen Keyboard ပေါ်က ရိုက်သွင်းလိုက်သမျှ စာသားတွေဟာ Text Field နဲ့ Keyboard အပေါ်စပ်က Strip အကွက်ထဲမှာ ပေါ်လာလိမ့်မယ်။ ဘယ်စာလုံးကို ရိုက်လိုက်တာလဲ။ ဟိုဟာလား၊ ဒီဟာလားဆိုတဲ့ ခန့်မှန်းစာလုံး (Suggestions) တွေ ပေါ်လာလိမ့်မယ်။ Strip ရဲ့ ဘယ်ဘက် အစွန်ဆုံး အကွက်မှာ ပြထားတဲ့ Boldfaced suggestion ကတော့ ဖြစ်တန်ချေ မရှိဆုံး ခန့်မှန်းစာလုံးပေါ့။ ခန့်မှန်းစာလုံးတွေ ဘယ်လောက်များများ ပြထားတယ်ဆိုတာ သိချင်ရင် ဘယ်ဘက်ကို ပွတ်ပွတ်ဆွဲပြီး ကြည့်လို့ရတယ်။ စာလုံးမှားရိုက်လို့ ပြန်ဖျက်ချင်ရင် Delete Key ( ) နဲ့ ဖျက်ရပါတယ်။ ညာဘက်ကနေ ဘယ်ဘက်ကို တစ်လုံးချင်း ဖျက်ပေးပါတယ်။ စာရိုက်သွင်းတာ ပြီးသွားပြီ၊ ပြည့်စုံသွားပြီ ဆိုရင်တော့ Save လုပ်မလား မေးလာရင်တော့ Save လုပ်လိုက်။ Keyboard ကို ပြန်ဖျောက်ချင်ရင် Back နဲ့ ပြန်ထွက်။
ကိန်းဂဏန်းနဲ့ သင်္ကေတတွေ ရိုက်သွင်းချင်ရင်
(Enter numbers, symbols and other characters)
ကိန်းဂဏန်း (Number)၊ သင်္ကေတ (Symbols) နဲ့ စာလုံးတစ်လုံးရဲ့ အခြားပုံစံကွဲတွေ လိုချင်တယ်ဆိုရင် သက်ဆိုင်ရာ Key တစ်ခုပေါ်က လက်ညှိုးထိပ်နဲ့ ကြာကြာထောက်ထားလိုက်ရင် အနက်ရောင်နောက်ခံမှာ အဖြူနဲ့ ပေါ်လာလိမ့်မယ်။ ဥပမာ W ဆိုတဲ့ Key ထဲမှာ @ ဆိုတဲ့ သင်္ကေတလေးလည်း အပေါ်ဘက်မှာ ပါတယ်။ W-Key ကို ခပ်မြန်မြန်လေး Touch လုပ်လိုက်ရင် W ပေါ်မယ်။ နည်းနည်းကြာကြာ ဖိလိုက်ရင် @ ဆိုတဲ့ သင်္ကေတလေး Text Field ထဲမှာ ပေါ်မယ်။ အဲဒီ W-Key ကိုပဲ ဒီထက် ပိုကြာကြာ ဖိထားရင် W, @, ©, ® အစရှိသဖြင့် ရွေးချယ်စရာ ၄ ခု ပေါ်လာမယ်။ ကြိုက်တာကို ရွေးပေါ့။ Symbol key ကိုနှိပ်သွားရင် 123, ABC နဲ့ SYM ဆိုပြီး ပြောင်းသွားလိမ့်မယ်။ 123, ABC ကို ရွေးရင် Text စာသားရိုက်ဖို့ A to Z character key တွေ ပေါ်လာမယ်။ အဲဒီ Character Key တစ်ခုချင်းမှာလည်း အသုံးများ သင်္ကေတ တချို့နဲ့ ဂဏန်းတွေ တွဲဖက်ပေးထားတယ်။ Key တစ်ခုချင်းမှာ ဘာတွေပါသလဲ သိချင်ရင်တော့ ကြာကြာဖိကြည့်။ အပေါ်ဘက် မြားပြထားတဲ့ Alt key ( ) ကို နှိပ်ပြီး Capital Letter နဲ့ Small Letter လိုသလို ပြောင်းနိုင်တယ်။ % SYM ကို ရွေးရင် အသုံးများ သင်္ကေတ အစုံအလင်နဲ့ ဂဏန်းနံပါတ်တွေ ပေါ်လာမယ်။ Alt key ( ) ကို ထပ်နှိပ်လိုက်ရင် နောက်ထပ် သင်္ကေတ အသစ်တွေ ထပ်ပေါ်လာမယ်။ Key တစ်ခုချင်းမှာ ဘယ်လိုသင်္ကေတတွေ ထပ်မံခွဲခြား ဖော်ပြထားတယ် သိချင်ရင်တော့ ရှေ့မှာ ဖော်ပြခဲ့သလိုပဲ ကြာကြာဖိ (Touch & Hold) ကြည့်ပေါ့။
Keyboard အနေအထား ပြောင်းချင်ရင် (Change the Keyboard Orientation)
Display မျက်နှာပြင်ကျဉ်းတဲ့ ဖုန်းမှာ Onscreen Keyboard ကို အလျားလိုက် အနေအထားသုံးကာ Key ကွက် အရွယ်အစား ပိုကြီးလာလို့ ပိုပြီးအဆင်ပြေတယ်။ ဒီလိုသုံးနိုင်အောင် Auto rotation ကို Activate လုပ်လိုက်ရင်ရပြီ။ ဖုန်းရဲ့ အလှည့်အစောင်း အနေအထားပေါ် မူတည်ပြီး အလျားလိုက်၊ ဒေါင်လိုက် အလိုလိုပြောင်းသွားလိမ့်မယ်။
Keyboard ပေါ်က ဘာသာစကား ပြောင်းချင်ရင် (Change the Keyboard Language)
Onscreen keyboard မှာ English အပြင် တခြား Language တွေ ပြောင်းသုံးချင်တယ်ဆိုရင် Setting > Locate & Text ဆီကို အရင်သွား။ Select Input method ထဲက မိမိရွေးချယ်ထားတဲ့ Keypad setting ထဲဝင်ပြီး Language ရွေးလိုက်။ အဲဒါဆို ပြောင်းလဲ အသုံးပြုနိုင်မယ့် Language တွေကို ပြထားတယ်။ အဲဒီထဲက လိုရာ ဘာသာစကား တစ်ခုကို ရွေးလိုက်ပေါ့။
စကားသံနဲ့ စာရိုက်သွင်းနည်း (Entering text by speaking)
လူတစ်ယောက်ရဲ့ စကားသံ၊ လေသံ၊ အသံပုံရိပ်ကို သရုပ်ခွဲ နားလည်နိုင်ဖို့ Voice-recognition နည်းပညာ အသုံးချထားတဲ့ စမ်းသပ်နေဆဲ Feature တစ်ခု ဖြစ်ပါတယ်။ Google's speech-recognition service နဲ့ ချိတ်ဆက်ပြီး Data Connection လုပ်ရမှာ ဖြစ်တာကြောင့် Mobile Network ဒါမှမဟုတ် Wi-Fi Network တွေကနေ အင်တာနက် ချိတ်ဆက်ထားဖို့ လိုပါတယ်။ စကားသံနဲ့ စာရိုက်သွင်းဖို့ အရင်ဦးဆုံး လုပ်ဆောင်ရမှာကတော့ Setting > Voice input and output > Voice recognition settings > Language အဆင့်ဆင့်သွားလိုက်။ အဲဒါဆို ရွေးချယ်စရာ ဘာသာစကားတွေ တစ်သီကြီး ပေါ်လာမယ်။ အဲဒီထဲကကြိုက်တဲ့ Language တစ်ခုကို ရွေးလိုက်။ Text Field ကို Touch လုပ်လိုက်။ ပေါ်လာတဲ့ Onscreen keyboard ပေါ်က Microphone Key ( ) ကို နှိပ်လိုက်။ Speak now လို့ ပေါ်လာရင် Text by speaking လုပ်လို့ ရပြီ။ စကားသံကို ဖြည်းဖြည်းနဲ့မှန်မှန် ခေါ်ပေး။ စကားသံ ခဏရပ်ချိန်မှာ Google's speech-recognition service ကနေ စကားသံတွေကို ခွဲခြမ်းစိတ်ဖြာပြီး Transcribed လုပ်ပြီး Text ထဲမှာ Underlined တားထားတဲ့ Text စာသားတွေအဖြစ် ပေါ်လာမယ်။ မှားရင် Delete လုပ်။ လိုတဲ့နေရာမှာ ပြင်ဆင် တည်းဖြတ်။ မှန်ရင် ဆက်လုပ်။

Friday, 22 June 2012

Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၁)ရေခဲတောင်ခြင်္သေ့




Photoshop ကို လေ့လာကြသူတွေအနေနဲ့ ကျွန်တော်တစ်ခုကြိုတင်ပြောကြားချင်ပါတယ်။ ကျွန်တော် Photoshop
ကို စတင်လေ့လာသင်ယူတာ Adobe Photoshop 5.0 ဖြစ်ပါတယ်။ နောက် Adobe Photoshop 6.0 နဲ့ Adobe
Photoshop 7.0 ကျတော့ ကိုယ်တိုင်ဆက်လက်လေ့လာသင်ယူ ပါတယ်။ နောင်ထပ် Adobe Photoshop CS,
Adobe Photoshop CS2, Adobe Photoshop CS3 တွေပေါ်လာတော့လည်း အဆက်မပြတ်တော့ပါဘူး။
ဆက်လက်လေ့လာဖြစ်ပါတယ်။

ကျွန်တော်ဆိုလိုတာကတော့ မိမိလက်လှမ်းမီရာကနေ အမြဲမပြတ်လေ့လာသွားမယ်ဆိုရင် Photoshop ရဲ့
သဘောသဘာဝကို နားလည်သဘောပေါက်လာမှာဖြစ်ပါတယ်။ ဘယ်လိုပဲ Version တွေတိုးတက်ပြောင်းလဲ
လာပါစေအချိန်နည်းနည်းယူပြီးလေ့လာစဉ်းစားလုပ်ဆောင်သွားမယ်ဆိုရင်နောက်ထပ်သင်တန်းတက်စရာမ
လိုတော့ပါဘူး။

အခုတင်ပြပေးမယ့် Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်းကတော့ Photoshop အခြေခံ တတ်ပြီး သူများအတွက်
ရည်ရွယ်ပြီး တင်ပြပေးခြင်းဖြစ်ပါတယ်။ လက်ရှိ Photoshop နဲ့ ဒီဇိုင်းရေးဆွဲ နေတဲ့သူတွေအတွက်တော့
မိမိရှုထောင့်ကကြည့်ပြီး ဝေဖန်အကြံပြုပေးနိုင်ပါတယ်။

အလုပ်တွေမအားလပ်တဲ့ကြားက တင်ပြပေးရတာပါ။ အလုပ်ရှုပ်တာကို ဂုဏ်ယူပြီး ပြောနေတာတော့ မဟုတ်ပါဘူး။
အပတ်စဉ် Photoshop ဖြင့် ဒီဇိုင်းရေးဆွဲနည်း(၁)နည်းတော့ ဖြစ်အောင်တင်ပေး ချင်ပါတယ်။
ကိုယ်တတ်ထားတာလေးတွေကို မျှဝေပေးနေတဲ့အတွက် ချစ်သူငယ်ချင်းအပေါင်းတို့အတွက် အနည်းနှင့်အများ
အကျိုးရှိမယ်လို့ယုံကြည့်ပါတယ်။

သင်ခန်းစာလေးကိုတော့ ရေခဲတောင်ခြင်္သေ့လို့ အမည်ပေးထားပါတယ်။

အလွယ်တကူ ဒေါင်းလုပ်ချပြီးလေ့ကျင့်နိုင်အောင် အောက်မှဖော်ပြထားတဲ့ ပုံလေး(၂)ပုံကို မိမိစက်ထဲ မှာ
ကူးယူထားရင်အဆင်ပြေပါလိမ့်မယ်။

ပုံ(၁)
ပုံ(၂)
အဆင့်(၁)

ပုံ(၁)ခြင်္သေ့ပုံကို Adobe Photoshop နဲ့ဖွင့်လိုက်ပါ။
အဆင့်(၂)

မူလပုံကို လိုအပ်တဲ့နေရာမှာ ပြန်သုံးလို့ရအောင် ဒါမှမဟုတ် အစကနေ ပြန်လေ့ကျင့်လို့ရအောင် Image menu မှ
Duplicate... ကိုရွေးပါ။

As: နောက်မှာ Lion လို့အမည်ပေးပြီး OK ကိုရွေးလိုက်ပါ။


အဆင့်(၃)

Image menu မှ Adjustments ထဲဝင်ပြီး Desaturate ကိုရွေးပါ။ အောက်ပါအတိုင်း ပုံလေး
အရောင်ပြောင်းသွားပါလိမ့်မယ်။
အဆင့်(၄)

Image menu မှ Adjustments ထဲဝင်ပြီး Selective Color ကိုရွေးပါ။

အဆင့်(၅)
Colors: နောက်မှာ Neutrals ကိုရွေးချယ်ပြီး၊ Black ကို -55 ထားလိုက်ပါ။ OK ကို Click လိုက်ပါ။

အဆင့်(၆)

ပုံ(၂)ကိုဖွင့်လိုက်ပါ။ Ctrl + A ကို နှိပ်ပြီး Select All လုပ်ပါ။ Ctrl + C ကို နှိပ်ပြီး Copy လုပ်ပါ။


အဆင့်(၇)

ခြင်္သေ့ပုံကို Click လုပ်ပြီး အပေါ်တင်လိုက်ပါ။
Magic Wand Tool ကို ရွေးချယ်ပါ။ Tolerance ကို 30 ထားပါ။

ခြင်္သေ့အပေါ်က အဖြူကွက်ကို Click လုပ်ပါ။ Keyboard က Shift ကို နှိပ်ထားပြီး ခြင်္သေ့လက်ကြားက အဖြူကွက်ကို
Click လုပ်ပါ။ အောက်မှာဖော်ပြထားတဲ့အတိုင်း Select ဖြစ်နေပါတယ်။

အဆင့်(၈)

Edit Menu က Paste Into ကိုရွေးချယ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရပါမယ်။

အဆင့်(၉)

Tool Box က move tool ကို ရွေးချယ်ပြီး နောက်ခံ ပုံလေးကို အပေါ်ကို ဆွဲတင်လိုက်ပါ။

အဆင့်(၁၀)

Layers Palette က Background Layer ကို Click လုပ်ထားပါ။


အဆင့်(၁၁)

Image menu မှ Adjustments ထဲဝင်ပြီး Color Balance ကိုရွေးပါ။


အဆင့်(၁၂)

Color Levels: ကို -33 , 0 , +75 ထားပေးပြီး OK ကို Click လုပ်ပါ။

အောက်ပါပုံကိုရရှိမှာဖြစ်ပါတယ်။

အဆင့်(၁၃)

Image menu မှ Adjustments ထဲဝင်ပြီး Brightness/Contrast ကိုရွေးပါ။

အဆင့်(၁၄)
Brightness မှာ +11 ထားပြီး Contrast မှာ +23 ထားပြီး OK ကို Click လုပ်ပါ။

အောက်မှာ ဖော်ပြထားတဲ့အတိုင်း လိုအပ်တဲ့ ဒီဇိုင်းတစ်ခုကို ဖန်တီးရရှိသွားပြီဖြစ်ပါတယ်။
မိမိ နှစ်သက်တဲ့ File name ပေးပြီး Save လုပ်လို့ရပါပြီ။
http://aktnml.blogspot.com/
အားလုံးကိုခင်မင်လေးစားလျက်
ကိုရင်ကျော်
(၁၈-၁

ကနေဒါနိုင်ငံက ပန်းချီဆရာ Rob Gonsalves ရဲ့ လက်ရာဆန်းများ