.........................................................................................................................................................................................................................................................................................................................................................................................................ကျွန်မရဲ့ ဖတ်မိဖတ်ရာ....မှတ်စုလေးတွေကို....၀င်ရောက်ကြည့်ရှုသွားသူ....မိတ်ဆွေအားလုံးကို... ကျေးဇူးတင်ပါတယ်ရှင်........။.........................................................................................................................................................................................................................................................................................................................................................................................................
Thursday, 13 December 2012
Connected
ဆိုတာက network access ရတာပါ Internet access က port ကို ပိတ်ထားလို့ပါ
ဥပမာ - antamedia hotspot လိုမျိုး web portal တစ်ခုခု ခံထားလို့ပါ့ip
scanner နဲ့ သုံးနေတဲ့သူတွေရဲ့ MAC ကိုရှာလိုက်ပါ ပြီးရင် ကိုယ့်စက်ကို MAC
changer နဲ့ MAC ချိန်းလိုက်ပါ. ဒါဆို Internet Access ရပါလိမ့်မယ် ....(AungMyoeTun)
Wednesday, 21 November 2012
Monday, 29 October 2012
Sunday, 21 October 2012
Android ဖုန်းအတွက် လျှို့ ဝှက်ကုဒ်များ
1. Testလုပ်ရန် ကုဒ်များ
*#*#0588#*#* – Proximity sensor test
*#*#2664#*#* – Touch screen test
*#*#2663#*#* – Touch screen version
*#*#0*#*#* – LCD test
*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#3264#*#* – RAM version
*#*#0283#*#* – Packet Loopback
*#*#232331#*#* - Bluetooth test
*#*#232337#*# - Bluetooth device address ကိုပြခြင်း
*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း
*#*#1472365#*#* - GPS test
*#*#1575#*#* - အခြား GPS test
2. Obtaining Firmware information
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#* – FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
3. Backup လုပ်ရန် ကုဒ်များ
*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။
4. Service mode
*#*#197328640#*#* - you can change settings or run tests in service mode
5. End Call / Power button ပြောင်းလဲခြင်း
*#*#7594#*#*
6. Reset လုပ်ခြင်း
*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc
*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။
7. ဖုန်း၏ information ကြည့်ရှုရန်
*#*#4636#*#*- battery information, battery history, phone information, usage statistics
အထက်ပါ ကုဒ်အားလုံးကို Android ဖုန်းတစ်လုံးတည်းတွင် အားလုံး အသုံးပြုနိုင်သည်ဟု မဆိုပါ။ Android မော်ဒယ်အလိုက် အသုံးပြုနိုင်သည့် ကုဒ်အနည်းအများ၊ အသုံးပြုပုံ အသုံးပြုနည်း အနည်းငယ် ကွာခြားနိုင်သေးသည်။
*#*#0673#*#* သို့မဟုတ် *#*#0289#*#* – Melody test
*#*#0842#*#* – Device test (Vibration test and BackLight test)
*#*#3264#*#* – RAM version
*#*#0283#*#* – Packet Loopback
*#*#232331#*#* - Bluetooth test
*#*#232337#*# - Bluetooth device address ကိုပြခြင်း
*#*#232338#*#* –WiFi MAC address ကိုပြန်ချင်း
*#*#1472365#*#* - GPS test
*#*#1575#*#* - အခြား GPS test
2. Obtaining Firmware information
*#*#1234#*#* – PDA and Phone
*#*#1111#*#* – FTA SW Version
*#*#2222#*#* – FTA HW Version
*#*#44336#*#* – PDA, Phone, CSC, Build Time, Changelist number
*#*#4986*2650468#*#* – PDA, Phone, H/W, RFCallDate
3. Backup လုပ်ရန် ကုဒ်များ
*#*#273283*255*663282*#*#* - ဖိုင်လ်များကို Backup လုပ်ရန် Menu တစ်ခုပေါ်လာမည်။
4. Service mode
*#*#197328640#*#* - you can change settings or run tests in service mode
5. End Call / Power button ပြောင်းလဲခြင်း
*#*#7594#*#*
6. Reset လုပ်ခြင်း
*2767*3855# – Factroy setting သို့ ပြန်လည် Rest လုပ်ပေးသည်။ ထို့ကြောင့် ယင်းကုဒ်ကို အသုံးပြုလျှင် file များ၊ setting များ ပြတ်ကုန်ပါမည်။
used to reset your phone to factory settings. Be careful with it though, this option will remove files, setting etc
*#*#7780#*#* - Factory Data reset လုပ်ခြင်း ဖြစ်သည့်အတွက် ဖုန်းထဲတွင် သိမ်းဆည်းထားသော Google Account setting များ၊ Downloa လုပ်ထားသော Application များ၊ system နှင့် application data နှင့် Setting များကို ဖျက်ဆီးလိုက်သည်။
7. ဖုန်း၏ information ကြည့်ရှုရန်
*#*#4636#*#*- battery information, battery history, phone information, usage statistics
အထက်ပါ ကုဒ်အားလုံးကို Android ဖုန်းတစ်လုံးတည်းတွင် အားလုံး အသုံးပြုနိုင်သည်ဟု မဆိုပါ။ Android မော်ဒယ်အလိုက် အသုံးပြုနိုင်သည့် ကုဒ်အနည်းအများ၊ အသုံးပြုပုံ အသုံးပြုနည်း အနည်းငယ် ကွာခြားနိုင်သေးသည်။
( ITgroup's )
Tuesday, 16 October 2012
Monday, 15 October 2012
ငွေ ဘယ်လို ရှာကြသလဲ … ဘယ်လို ရှာကြ မလဲ…?
လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ…
အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်…
ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့
ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …
သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမမယ်…
( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်
စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)
ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်
တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှ- သူ တစ်ယောက် အဖြစ် ( Investor )
( 1 ) ဝန်ထမ်းအဖြစ် (Employee)
ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့…
သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အ လုပ်လုပ် ကြရပြီ…
ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာ
သူတို့ ဘဝ ချမ်းသာမြင့်မား ဖို့ ထက် …
သူတို့ကို အ လုပ်ပေးထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင်
လုပ်ပေးနေကြရတယ်…
သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ …
ရပ်တည်နိုင်ရုံလောက်ပဲ ရကြတာများတယ်…
ဒါကြောင့် JOB ကို အဓိပယ် ဖွင့်ဆိုချက်တစ်ခု ရှိတယ် …
Just Over Broke တဲ့ ….မမွဲရုံ တမယ်ပေါ့….
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့…
ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေစရာမလိုဘဲ…
ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်…
ကိုယ် ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့…
ဒါပေမဲ့ ငွေရှာဖို့ … ကိုယ်တိုင် အလုပ် လုပ်ကြရတယ်…
အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုမှာ
တွယ်ငြိ နစ်မြုပ်သွားတတ်တယ်…
ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့
ဒီထက်ပို မတတ်နိုင်တော့တော့ပဲ တန့်သွားတာမျိုး ဖြစ်သွားတတ်တယ်…..
***
E နဲ့ S တွေဟာ ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ တွေကို
ရရှိ ပိုင်ဆိုင်နိုင်ပါ့မလား…?
ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား…?
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
သူကတော့ စနစ် တစ်ခုကို ပိုင်ဆိုင်တယ်…( System )
ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့ အစားအလုပ်တွေ အများကြီးလုပ်ခိုင်းတယ်…
သူကတော့ သေချာ စောင့်ကြည့်ရင်း သူ့စနစ်ကို
ကောင်းသထက်ကောင်းအောင် ပြင်နေတယ်…
သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ…
စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှ
ဝင်ငွေတွေ တိုးလာ… အချိန်လွတ်လပ်မှူတွေ ပိုရလာတာပေါ့…
( 4 ) ရင်းနှီးမြှုပ်နှံ သူ တစ်ယောက် အဖြစ် ( Investor )
သူကတော့ အရမ်းရိုးရှင်းပါတယ် …
သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ..- .
ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်
ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့…
ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ … ?
ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ … ?
ပြောင်းလဲ ချင်ပြီလား …?
ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလာ- … ?
မပြောင်းလဲနိုငတော့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုး နဲ့
ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား … ?
ကျွန်တော်တို့က တော့ ကြိုးစားနေပါတယ် …
B နဲ့ I ကို ရောက်ဖို့ပေါ့ …
( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့ S ကို လုပ်ရင်း
B သမား တစ်ယောက်ဖြစအောင်
ကြိုးစား နိုင်ဖို့ … ကြိုးစားနေဖို့ ….
ကျွန်တော် ဝေမျှပေးတာပါ…. )
မိတ်ဆွေလည်း တကယ် ကြိုးစားချင်တယ် ဆိုရင်
ကျွန်တော်တို့နဲ့ လက်တွဲနိုင်ပါတယ်..- .
အတူတကွ ကြိုးစားကြတာပေါ့..- .
ကိုဇင်ဇေ (STG) – 09 4311 5202
zinzae@gmail.com
yangon
အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်…
ကောင်းမွန်ဖြောင့် မတ်တဲ့ နည်းလမ်းတွေ ကိုပဲ သုံးလိုကြပြီဆိုရင်တော့
ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ …
သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမမယ်…
( နိုင်ငံတကာ အသိအမှတ်ပြု စီးပွါးရေး ပညာရှင်
စာရေးသူ Robert Kiyosaki ရဲ့ အယူအဆများ ဖြစ်ပါတယ်…)
ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမယ့်
တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး…
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှ- သူ တစ်ယောက် အဖြစ် ( Investor )
( 1 ) ဝန်ထမ်းအဖြစ် (Employee)
ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့…
သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အ လုပ်လုပ် ကြရပြီ…
ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာ
သူတို့ ဘဝ ချမ်းသာမြင့်မား ဖို့ ထက် …
သူတို့ကို အ လုပ်ပေးထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင်
လုပ်ပေးနေကြရတယ်…
သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ …
ရပ်တည်နိုင်ရုံလောက်ပဲ ရကြတာများတယ်…
ဒါကြောင့် JOB ကို အဓိပယ် ဖွင့်ဆိုချက်တစ်ခု ရှိတယ် …
Just Over Broke တဲ့ ….မမွဲရုံ တမယ်ပေါ့….
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့…
ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေစရာမလိုဘဲ…
ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်…
ကိုယ် ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့…
ဒါပေမဲ့ ငွေရှာဖို့ … ကိုယ်တိုင် အလုပ် လုပ်ကြရတယ်…
အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုမှာ
တွယ်ငြိ နစ်မြုပ်သွားတတ်တယ်…
ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့
ဒီထက်ပို မတတ်နိုင်တော့တော့ပဲ တန့်သွားတာမျိုး ဖြစ်သွားတတ်တယ်…..
***
E နဲ့ S တွေဟာ ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ တွေကို
ရရှိ ပိုင်ဆိုင်နိုင်ပါ့မလား…?
ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား…?
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
သူကတော့ စနစ် တစ်ခုကို ပိုင်ဆိုင်တယ်…( System )
ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့ အစားအလုပ်တွေ အများကြီးလုပ်ခိုင်းတယ်…
သူကတော့ သေချာ စောင့်ကြည့်ရင်း သူ့စနစ်ကို
ကောင်းသထက်ကောင်းအောင် ပြင်နေတယ်…
သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ…
စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှ
ဝင်ငွေတွေ တိုးလာ… အချိန်လွတ်လပ်မှူတွေ ပိုရလာတာပေါ့…
( 4 ) ရင်းနှီးမြှုပ်နှံ သူ တစ်ယောက် အဖြစ် ( Investor )
သူကတော့ အရမ်းရိုးရှင်းပါတယ် …
သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ..- .
ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်
ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့…
ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ … ?
ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ … ?
ပြောင်းလဲ ချင်ပြီလား …?
ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလာ- … ?
မပြောင်းလဲနိုငတော့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုး နဲ့
ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား … ?
ကျွန်တော်တို့က တော့ ကြိုးစားနေပါတယ် …
B နဲ့ I ကို ရောက်ဖို့ပေါ့ …
( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့ S ကို လုပ်ရင်း
B သမား တစ်ယောက်ဖြစအောင်
ကြိုးစား နိုင်ဖို့ … ကြိုးစားနေဖို့ ….
ကျွန်တော် ဝေမျှပေးတာပါ…. )
မိတ်ဆွေလည်း တကယ် ကြိုးစားချင်တယ် ဆိုရင်
ကျွန်တော်တို့နဲ့ လက်တွဲနိုင်ပါတယ်..- .
အတူတကွ ကြိုးစားကြတာပေါ့..- .
ကိုဇင်ဇေ (STG) – 09 4311 5202
zinzae@gmail.com
yangon
House of flying dagger subtitle betawi
Sunday, 14 October 2012
Nsang Aung La fighting (13-10-2012)
လူမျိုး စကားနဲ့ စာပေ
မြန်မာနိုင်ငံမှာ လူမျိုး (၁၃၅) မျိုးရှိကြောင်း မှတ်သားရပါတယ်။ စာရေးသူအနေနဲ့ အမှန်အတိုင်းဝန်ခံရမယ်ဆိုရင်တော့ (၁၃၅) မျိုးလုံးကို ရေပြပါဆိုရင် မရေတတ်ဘူးလို့ပဲပြောရမှာပါ။ ဒါပေမယ့် လူမျိုးကြီးအုပ်စုကိုတော့ မြန်မာ၊ ကရင်၊ ကယား မွန်၊ ချင်း၊ ရခိုင် စသည်ဖြင့် ငယ်ငယ်က ကြားဖူးထားတာမို့ ရေးတတ်နေပါတယ်။ ဒါဆို ထားဝယ်ဆိုတဲ့ လူမျိုးကိုရော ဘယ်အုပ်စုထဲထည့်ရမှာပါလိမ့်? မေးသင့်တဲ့မေးခွန်းလေးပါပဲ။ များသောအားဖြင့် ထားဝယ်အတော်များများဟာ ထားဝယ်လူမျိုးဆိုတာ မြန်မာထဲမှာပါတာပေါ့လို့ ပြောမှာကို ကြားယောင်နေပါသေးတယ်။ စာရေးသူကိုယ်တိုင် ငယ်ငယ်က ထင်ခဲ့ဖူးတဲ့ အထင်မျိုးပါပဲ။ ဒါကလဲ အမှားများလို့ အမှန်ထင်ခဲ့တဲ့ အထင်တစ်ခုပါ။
“ထားဝယ်လူမျိုးများသည် ရှေးကျသော တိုင်းရင်းသားတစ်မျိုးဖြစ်သည်၊ ရှေးပဝေသဏီကပင် တိုင်းပြည် မြို့ပြ ထီးနန်းနှင့်တကွ ထားဝယ်စကားပြောသည့် ထားဝယ်လူမျိုးဟူ၍ ရှိနေသည့်အဖြစ်ကြောင့် ထားဝယ်စကားဟု တစ်ဘာသာ မြန်မာစကားနှင့် လုံးလုံးကွဲ၍လည်းကောင်း စကားတူအသံဝဲ၍လည်းကောင်း ယနေ့တိုင်ပြောနေကြသည်” ဟု ၁၉၇၁ ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၅) စာမျက်နှာ(၂၀၂) ဖေါ်ပြချက်ကို သိရတော့မှ ထားဝယ်လူမျိုးများဟာ မြန်မာအုပ်စုထဲမှာ မပါတဲ့ ထားဝယ်တိုင်းရင်းသား စစ်စစ်ဖြစ်တယ်ဆိုတာကို သိရပါတော့တယ်။ အရင်က အမှားကို အမှန်ထင်ခဲ့တဲ့အရာဟာ မြန်မာ့စွယ်စုံကျမ်းကြောင့် ပျက်ပျယ်သွားပြီဆိုရင်လဲ မှန်မယ်ထင်ပါတယ်။ အမှားကိုပယ် အမှန်ကိုတကယ်သိခွင့် ရလိုက်တဲ့အတွက် ရင်မှာဖြစ်ပွားရတဲ့ ပီတိကတော့ အတိုင်းအဆမဲ့ပါပဲ။ သူများအပြောနဲ့ အမှောင်ကျခဲ့တဲ့ အသိကို အခုတော့ အလင်းနဲ့ဖွင့်ခွင့်ရလိုက်လို့ ၀မ်းသာလို့ မဆုံးခဲ့ဘူးဆိုရင်ကော မှားမယ်တဲ့လား။ ဒါဆိုရင် ထားဝယ်လူမျိုးဆိုတာ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတစ်မျိုးအဖြစ် နှစ်ပေါင်းများစွာ တည်ရှိခဲ့တယ်ဆိုတာ လုံးဝသေချာနေပြီပေါ့။ အမေရိက ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားလေးကလဲ တအားတက်စေပါတယ်။ ပြောတာလေးက ဒီလိုပါ။ မြန်မာနိုင်ငံ ဟာ လူမျိုးစုံ တိုင်းရင်းသားတွေနဲ့ တည်ထောင်ထားတဲ့ ပြည်ထောင်စုကြီးတစ်ခုဖြစ်ပါကြောင်း၊ မြန်မာကတော့ အုပ်စုကြီးတဲ့ တိုင်းရင်းသားတစ်မျိုးပင်ဖြစ်ကြောင်း ပြောခဲ့တာပါ။ ဒါဟာလဲ မသိပဲ ရမ်းပြောတဲ့ စကားမဟုတ်လောက်ဘူးဆိုတာကိုလဲ ယုံကြည်နေပါတယ်။ ယုံကြည်မှုတွေပိုမို ခိုင်မာလာအောင် သမိုင်းလေးကို တချက်လောက်ငဲ့ကြည့်စေချင်ပါတယ်။ ပေါ့လို့ လျော့ခဲ့ရသလို ပေါ့လို့ ပျက်ခဲ့ရတဲ့အဖြစ်တွေဟာလဲ မြန်မာသမိုင်းမှာ အထင်အရှားရှိနေပါတယ်။ မြန်မာအရင်ပေါ်ခဲ့တဲ့ ပျူနဲ့ သရေခေတ္တရာ အကြောင်းလေ့လာရင် သိသွားရမဲ့အဖြစ်ပါ။ စာရေးသူအနေနဲ့ ရဲရဲကြီးပြောနိုင်တာကတစ်ခုတော့ ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ လူမျိုးတွေထဲမှာ ထားဝယ်လူမျိုး ထားဝယ်တိုင်းရင်းသားဆိုတာ အရင်ကလဲရှိခဲ့ကြောင်း အခုလဲရှိနေဆဲဖြစ်ကြောင်းပါပဲ။ မြန်မာထဲမှာ ပါဝင်တဲ့ လူမျိုးတစ်မျိုးမဟုတ်ဘူးဆိုတာကိုလဲ သေသေချာချာကြီးသိနေပါတယ်။ စာဖတ်သူများရော ဘယ်လိုထင်ပါသလဲ? လေ့လာကြည့်ပါ။ ပြောတဲ့အတိုင်း ယုံကြည်ရမယ်လို့ မဆိုလိုပါဘူး။ ခေတ်မီတဲ့ ကာလမှာ မွေးဖွားလာသူများဟာ ပြောစကားကို အရမ်းယုံရမဲ့အခြေအနေ မရှိတော့ပါဘူး။ သိအောင်လုပ်ဖို့နဲ့ အမှန်ကို ရဲရဲယူတတ်ဖို့ပဲရှိပါတယ်။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများဟာ လူမျိုးတစ်မျိုး တိုင်းရင်းသားတစ်မျိုးအဖြစ် တည်ရှိနေတယ်ဆိုတာကို ပြောရဲတယ်ထင်ပါသလဲ?စာဖတ်သူများသာ ထားဝယ်စစ်စစ်ဆိုရင် သာဂရမြို့ဟောင်း (ယခု မြို့ဟောင်းရွာ) ကို ရောက်ဖူးသင့်တယ်ထင်ပါတယ်။ ပြီးတော့ သာဂရမြို့ဟောင်းမှာ ရှင်ဇလွန် စေတီတစ်ဆူရှိတယ်ဆိုတာကိုပါ ကြားဖူးကြမှာပါ။ စေတီ တော်ရဲ့ခေါင်းလောင်းပုံပတ်လည်မှာ အင်္ဂတေနဲ့ပုံဖေါ်ထားတဲ့ သီရိဝစ္ဆ အမှတ်အသားများကို သတိထားဖူးပါသလား? အဲဒီအမှတ်အသားများဟာ အိန္ဒိယနိုင်ငံမှာ ထွန်းကားခဲ့တဲ့ ဗြဟ္မဏ၀ါဒ၊ ဗုဒ္ဓ၀ါဒ၊ ဇိန (ဂျိန်း)၀ါဒတို့တွင် အထွတ်အမြတ် ထားသော ဘာသာရေးဆိုင်ရာ အမှတ်အသားတစ်ခုပဲ ဖြစ်ပါတယ်။ ရှေးကျတဲ့အမှတ်အသားနဲ့ တည်ငြိမ်စွာ ရပ်ပြီး အေးချမ်းတဲ့အရိပ် နူးညံ့တဲ့အသိများကို ပေးနေတဲ့ ရှင်ဇလွန်စေတီကို အေဒီ (၇၈၈) မှာ တည်ထားခဲ့တယ်ဆိုတဲ့ သက်သေတစ်ခုက ထားဝယ်လူမျိုးများ ကိုယ်ပိုင်ယဉ်ကျေးမှုကို ပိုင်ဆိုင်ပြီး ဗုဒ္ဓဘာသာကိုစောစွာ ကိုးကွယ်ခဲ့တယ်ဆိုတာကိုပါ ပြောပြလျက်ရှိပါတယ်။ ဒါ့တင်ပဲ့လား။ အေဒီ (၇) ရာစုမှ အထိမ်းအမှတ်များကို ထိန်းသိမ်းထားပါတယ်ဆိုတဲ့ ကော့ဂွန်းဂူတွင် လှူဒါန်းထားတဲ့ မြေပုံဘုရားတွင်ပါရှိတဲ့ ဒါယကာ ဒါယိကာမများ အမည်၌ ယိခီ ထ၀ယ်စားသံဗျင်နှင့် ထားဝယ်မြို့စားလို့ မှတ်တမ်းတင်ထားတာကိုက ထားဝယ်လူမျိုးများ မြန်မာနိုင်ငံ၌ စောစွာခြေချခဲ့သူများဆိုတာကိုပါ ထပ်ဆင့်အသိပေးလျက်ရှိပါတယ်။ စာဖတ်သူများ လက်ခံဖို့ခက်ခဲနေတုန်းပဲ့လား။ ဆက်လက်ဖတ်ရှုပါဦး။ ထန်မင်းဆက် သမိုင်းတွင်းပါရှိတဲ့ အေဒီ (၇၅၆) နှောင်းပိုင်း၏ ပျူခေတ် ကာလအခြေအနေကို ဖေါ်ပြတဲ့နေရာမှာ ဒီလိုလေးပြောပြထားပါသေးတယ်။ ထော်ဝမ်၏ ရှေးဟောင်းအသံ ထွက်သည် Da-Van နှင့် နီးစပ်ပါသည်။ ထိုနေရာသည် ဒွါရာဝတီနှင့် ဆက်စပ်သည် ဟုဆိုထား၍ ဒ၀ယ် (ထားဝယ်) ဟုဆိုလျင် သင့်မည်ထင်ပါသည်။ စွေမင်းဆက်သမိုင်းကလည်းကောင်း ထန်မင်ဆက်သမိုင်းကလည်းကောင်း ခမာသည် စမ္ပါနှင့် ထော်ဟွမ် (ထားဝယ်) တို့နှင့် အကြိမ်ပေါင်းများစွာ စစ်ဆင်ခဲ့သည် ဆိုသည်ဟု ပါရှိခဲ့သည်။ နောက်တစ်နေရာတွင် အနိရုဒ္ဓနှင့် မင်းအဆက်ဆက်တို့ အနီးအပါးကိုချဲ့ထွင်သိမ်းသွင်းသည့်အခါမှ ပေါ်ပေါက်ရာအကျယ်အ၀န်းကား မြောက် ကောင်စင်မှ တောင်တလိုင်သရေနှင့် ထ၀ဲ အထိဖြစ်သည်ဟု ဖေါ်ပြထားခြင်းပင်။ ဒီသမိုင်းမှတ်တမ်းများဟာ မြန်မာ့မြေပေါ်မှာ လူမျိုးတစ်မျိုးဖြစ်ရပ်တည်ခဲ့ရုံမက ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကိုပါ ထိန်းသိမ်းထားနိုင်သူတို့အဖြစ် ဖေါ်ပြလျက်ရှိပါတယ်။ ဒါကြောင့် မြန်မာနဲ့မတူ ထားဝယ်လူမျိုးများ တကယ်ရှိခဲ့တယ်ဆိုတာကို ပြောရဲခဲ့တာပါ။ ထားဝယ်လူမျိုးများကရော ကျနော်တို့ဟာ ရှေး ကျလွန်းမက ရှေးကျတဲ့ ရှေးဟောင်းစကားများကို သမိုင်းစဉ်လာမပျက်ပြောနေတဲ့ ထားဝယ်သားများပါဗျာလို့ ပြော ရဲတဲ့သတ္တိ မရှိကြဘူးလား။ ထားဝယ်လူမျိုးပါလို့ရော လူရှေ့မှာ ပြောရမှာ ရှက်ကြောက်နေတုန်းပဲ့လား။ သမိုင်းမရှိလို့ ရှက်ကြောက်နေတယ်ဆိုရင် လက်ခံနိုင်ပေမယ့် သမိုင်းအတိအကျရှိလျက်နဲ့ ရှက်နေတယ် ကြောက်နေတယ်ဆိုရင်တော့ စာဖတ်သူဟာ ထားဝယ်စကားပြောတဲ့ ထားဝယ်သားတော့ မဟုတ်လောက်ပါဘူး။ မြန်မာစကားပြောတဲ့ မြန်မာများပဲဖြစ်မှာပါ။ ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ်ပိုင်စကားကို တန်ဖိုးမထားသူရယ်လို့ ရှိမယ်မ ထင်ပါဘူးလေ။ သမိုင်းအခိုင်အမာရှိနေတဲ့ လူမျိုးတစ်မျိုးဖြစ်နေတာမို့ ထားဝယ်သားပါလို့ ထားဝယ်စကားနဲ့ ရဲရဲကြီးပြောပြလိုက်ပါ။ အထင်သေးစကားနဲ့ ပြောလာခဲ့မယ်ဆိုရင်လဲ ပြောသူကို သမိုင်းမသိသူတစ်ယောက်အဖြစ် စာနာစွာနဲ့ နားလည်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စာဖတ်သူကိုယ်တိုင် ရှေးဟောင်းလူကြီး ဖြစ်နေလို့ပါပဲ။ လူကြီးဖြစ်ရင် လူကြီးလူကောင်းပီသဖို့ လိုအပ်လို့ပါ။
လူမျိုးရယ်လို့ဖြစ်လာပြီဆိုရင် စကားဟာ အဓိကအခန်းကဏ္ဍမှာရှိနေတယ်ပြောရင် စာဖတ်သူများလက်ခံနိုင်ပါ့မလား? စကားမရှိပဲ လူမျိုးဖြစ်လာတဲ့လူဆိုတာ ကမ္ဘာမှာရှိနိုင်ပါ့မလား။ ခေတ်နဲ့အညီမွေးဖွားပြီး ပြေးလွှားနေတဲ့ လူသားများအတွက် လေ့လာဖို့ အခွင့်အရေးအများကြီးရှိတယ်ဆိုတာ မမေ့ပါနဲ့။ ထားဝယ်လူမျိုးများဟာ မြန်မာတိုင်းရင်းသားတွေ မသုံးတဲ့ အသုံးအနှုံး မပြောတဲ့စကားလုံးကို ရှေးခေတ်မှသည် အခုထိ ပြောနေတယ်ဆိုတကို ထားဝယ်သားတစ်ယောက်ဖြစ်တဲ့ စာရေးသူကောင်းကောင်းကြီးသိပါတယ်။ လေ့လာလို့သိရတာပါ။ စကားတစ်ချို့တူရုံနဲ့ လူမျိုးတူသွားရတဲ့အဖြစ်ဆိုတာ မရှိလောက်ပါဘူး။ အဲလိုသာဖြစ်သွားခဲ့မယ်ဆိုရင် မြန်မာတစ်မျိုးလုံး အင်္ဂလိပ်လူမျိုးဖြစ်သွားမှာ အသေအချာပါပဲ။ စာဖတ်သူ မျက်စိလည်သွားပါသလား? တစ်ချက်လောက် အာရုံစိုက်ပြီးဖတ်ကြည့်ပါဦး။
မြန်မာလူမျိုးများပြောနေတဲ့စကားထဲမှာ ကွန်ပျူတာ၊ ဖုန်း၊ ကား၊ ဆိုင်ကယ် စတဲ့ စကားတွေပါနေပါတယ်။ ဒါဟာ ကိုယ့်စကားမှာမရှိတဲ့ စကားတစ်ခုကို အလွယ်တကူမွေးစားတဲ့ သဘောတစ်ခုပါပဲ။ ဘာသဘောမှမဟုတ်ပါဘူး။ ဆိုပါစို့။ ကွန်ပျူတာ ဆိုတဲ့အင်္ဂလိပ်စကားကို မွေးစားတာမျိုးမလုပ်ပဲ မြန်မာလိုနဲ့ တိုက်ရိုက်ဘာသာပြန်ကြည့်ပါ။ အတော်ခက်တာကို စာဖတ်သူများတွေ့ရပါလိမ့်မယ်။ မွေးစားပြီးပြောရုံနဲ့ အဲဒီ လူမျိုးဖြစ်သွားတယ် လူမျိုးထဲမှာ ပါတယ်ပြောရင် စာဖတ်သူအပါအ၀င် ဘယ်သူမှလက်ခံမှာမဟုတ်ပါဘူး။ ဒါပေမယ့် သမိုင်းကိုမလေ့လာတဲ့ ထားဝယ်များကတော့ တစ်မျိုးတွေးတာကို ၀မ်းနည်းစွာတွေ့ရပါတယ်။ ထားဝယ်လူမျိုးဆိုတာ မြန်မာစကားကို အသံမပီပဲပြောတဲ့ လူတွေမို့ မြန်မာထဲမှာပါတယ်ဆိုတဲ့အတွေးကို ဘိုးဘွားလက်ထက်ကတဲကယူလာတာမို့ မျိုးဆက်သစ်လူသားများဟာလဲ အလွယ်တကူပဲ လက်ခံသွားပါတော့တယ်။ တစ်ချက်လောက် လေ့လာကြည့်ပါ ထားဝယ်တို့။ ကိုယ်ပိုင်စကားကို အရင်သုံးခဲ့သူများဟာ ဘယ်သူတွေလဲဆို တာကိုပါ။ ၁၉၆၀၊ ၁၉၆၁ ခု တက္ကသိုလ်နှစ်ပတ်လည် မဂ္ဂဇင်းမှာ ဖေါ်ပြချက်လေးကို ဖတ်ကြည့်လိုက်ပါဦး။ မြန်မာနိုင်ငံတွင် ပထမဆုံးမြို့ပြ ထီးနန်းများ တည်ထောင်ခဲ့ကြသော ပျူများ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ဒီလိုဖေါ်ပြထားပါတယ်။ “ဘာသာစကားအနေဖြင့် တိဗက်-မြန်မာ (Tibeto-Burma) စကားဖြစ်ကြောင်း ရဲရဲ ပြောနိုင်သည်၊ မြန်မာနှင့် အမျိုးနီးစပ်ဟန်ရှိသည်။ တစ်သံလျှင် သဘောအဓိပ္ပါယ်တစ်မျိုးတည်းဟူသော ဘာသာစကားဖြစ်၍ ၀ဏ္ဏသံပိတ်ကိုပင် အတွဲမခံချေ၊ အသံနိမ့်မြင့်ထင်ရှား၍ စာရေးသားရာ၌ အသံအလေးအပေါ့ညွှန်းရန် (၀ိသဇ္ဇနီ)များကို သုံးသည်။ အထူးသဖြင့် သင်္သကရိုက်သက် အမျိုးခြားစကားလုံးများကို ယူငင်သုံးစွဲကြောင်း သိရသည်”။ ထိုအခါ မြန်မာ့စွယ်စုံကျမ်းအတွဲ (၅)တွင် ဖေါ်ပြသော ထားဝယ်လူမျိုးသည် တိဗက်-မြန်မာအစုမှ မြန်မာလူမျိုးအစုဝင်ဖြစ်သည် ဟူသောဖေါ်ပြချက်နှင့် ဆရာမောင်လေးတင့်၏စာတမ်းပါ (ယနေ့ မြန်မာစကား စာအရေးသားတို့တွင် လုံးဝမရှိသော (လ)ဆွဲသံများ (အော)သရနောက် န သတ်သံများသည်များသည် ထားဝယ်စကား၌ ယနေ့တိုင်သုံးစွဲနေဆဲဖြစ်ပြီး ထိုအသံ စာလုံးပေါင်းများသည် မြန်မာထက်စော၍ ပေါ်ခဲ့သည်ဟု ပညာရှင်များခန့်မှန်းအဆိုပြုထားသည့် ပျူစာတွင် ရှိနေခြင်း (မြစေတီကျောက်စာ လေးဘာသာ၊ နိုင်ငံတော်ပြတိုက်၊ ယဉ်ကျေးမှုဗိမာန်၊ ၁၉၅၄) ဟူသောဖေါ်ပြချက်ဟာ ထားဝယ်လူမျိုးများ မြန်မာနိုင်ငံမှာ ဘယ်လောက် စောစောပေါ်ခဲ့တယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ စာဖတ်သူများ သိသာအောင် (လ)ဆွဲသံ (အော)သရနောက် နသတ်သံနဲ့ သုံးစွဲနေတဲ့ ထားဝယ်စကားများအကြောင်းကို တင်ပြပါရစေဦး။ ထားဝယ်စကားထဲမှာ မြန်မာနိုင်ငံသားအားလုံးမသုံးနိုင်တဲ့စကားဖြစ်တဲ့ ပ္လပ် (ညာတာ၊ လိမ်တာ) ပ္လီး (ပိန်း) ပ္လောန်း (ပြောင်း) ပ္လေး (ပြေး) က္လောန်း (ကျောင်း) က္လီး (ကျီးကန်း) စတဲ့စကားများပါပဲ။ ဒီလို စကားမျိုးနဲ့ အသံကို မြန်မာနိုင်ငံသားအားလုံး ထားဝယ်သူ ထားဝယ်သားမှလွဲရင် ဘယ်သူမှ မပြောနိုင်ဘူးဆိုတာ ရဲရဲကြီးပြောရဲပါတယ်။ ပြီးတော့ (အော)သရနောက် န သတ်အသံများကတော့ ကောန်း (ကောင်းတယ်) အောန်း (မျက်စိစွေ) တောန်း (တောင်းသည်) ဆောန်း (ဆောင်းထားသည်) စတဲ့စကားလုံးများကိုပါ ကိုယ်ပိုင်အသံအနေနဲ့ သုံးစွဲနေတာပါ။ ဒါ့တင်ပဲလားဆိုတော့ မြန်မာစကားနဲ့ လုံးဝကွဲလွဲတဲ့ စကားလုံးများကိုပါပြောဆိုနေတဲ့ လူမျိုး တစ်မျိုးဖြစ်တယ်ဆိုတာကိုပါ ယုံထားပါ။ စာဖတ်သူများ အခုရေးပြလိုက်တဲ့စကားများကိုတွေ့ရင် သိသွားပါလိမ့်မယ်။ ဖောတ်သန်းခ္လေးချောတ် (ပုတ်သင်ညို) ရှိးဂိုသီး (သဘောင်္သီး) စတဲ့စကားတွေပါ။ ဘာသာဗေဒအနေနဲ့ သေသေချာချာ လေ့လာချင်တယ်ဆိုရင် တောနယ်များကိုသွားပြီး လေ့လာသင့်ပါတယ်။ ထားဝယ်များ ရှေးကျလွန်းတဲ့စကားကို မြတ်မြတ်နိုးနိုးအခုထိ သုံးစွဲနေတယ်ဆိုတာကို အံ့သြစွာတွေ့ရပါလိမ့်မယ်။ ရှေးကျတဲ့စကားပြောရလို့ ရှက်နေတာလား။ ရှက်စရာလို့ ထင်ရင် အမျိုးကို သစ္စာဖေါက်ရာရောက်တယ်ဆိုတာကိုရော စာဖတ်သူများသိပါရဲ့လား။ သစ္စာဖေါက်သူအတွက် တန်ပြန်အကျိုးအနေနဲ့ ရောက်လာမှာကတော့ ဘယ်သူမှ လူရာသွင်းမှာမဟုတ်သလို လူမျိုးများကြားမှာလဲ မျက်နှာသာပေးခံရမှာ မဟုတ်ပါဘူး။ ထားဝယ်လူမျိုးဆိုတာ အေဒီ (၈)ရာစုလောက်ကတည်းက ရှေးစကားကိုပြောပြီး အမျိုးကိုစောင့်ရှောက်ခဲ့သူအဖြစ် ရှေးကျလွန်းတဲ့စကားကို အခုထိပြောရင်း လူမျိုးနဲ့ သိက္ခာကို စောင့်ထိန်းထားဆဲပါ။ သမိုင်းကို ကျောခိုင်းချင်တဲ့ အသိမဲ့ ခေတ်ပေါ်လူငယ်များကြောင့် ရှေးစကားကို နှစ်ထောင်နဲ့ချီပြီး ထိန်းသိမ်းခဲ့တဲ့ ရှေးထားဝယ်လူမျိုးများကို သစ္စာဖေါက်ရာ ရောက်မနေဘူးလား။ ရှေးရှေးက ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းရင်း ကိုယ့်နေရာဒေသကိုကာကွယ်ခဲ့တဲ့ ရှေးထားဝယ်ကြီးများကို ကျေးဇူးအထပ်ထပ် တင်နေမိတယ်။ တွေးရင်းနဲ့ မျက်ရည်ဝဲမိတယ်။ လူအနည်းစုဖြစ်ပေမယ့် ကိုယ်ပိုင်စကားနဲ့ ကိုယ့်လူမျိုးကို နှစ်များစွာ ထိန်းထားနိုင်ခဲ့တဲ့ အစွမ်းနဲ့ သတ္တိကိုလဲ ချီးကျူးမိပါရဲ့။ ထားဝယ်ဟာ မြန်မာလူမျိုးထဲမှာပါတယ်လို့ သမိုင်းကို ကျောခိုင်းတဲ့ လူတွေကြောင့် ရှေးထားဝယ်လူကြီးများကို မျက်နှာပူမိပါရဲ့။ သမိုင်းကို သေသေချာချာလေ့လာရင် ကိုယ့်အဆင့်အတန်း ကိုယ့်အခြေအနေ ဘယ်လိုရှိခဲ့တယ် ဘယ်လိုဆက်ထိန်းသွားရမယ်ဆိုတာကိုပါ သိသွားပါ လိမ့်မယ်။ သမိုင်းစာအုပ် ဘယ်မှာလဲ အဲဒီသမိုင်းကရော မှန်မှာတဲ့လား စတဲ့သံသယမေးခွန်းများနဲ့ ဒီစာကိုဖတ် ခဲ့မယ်ဆိုရင်……………..ပြောလိုက်ပါရစေဦး… ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဦးသန့်အကြောင်းကို တရားဝင် ထုတ်ခွင့်ရခဲ့တာတောင် အမှန်တွေဘယ်လောက်ပါပါ သလဲ။ စာဖတ်သူများလေ့လာကြည့်ရင် သိမှာပါ။ ဒါဆို ထားဝယ်သမိုင်းကိုရော ထုတ်ခွင့်ရခဲ့မယ်ဆိုရင် အမှန်ဘယ်လောက် ပါမယ်ထင်ပါသလဲ။ သိမ်းထားတဲ့စာအုပ်ကို ချကိုက်လို့ ဟေတုပစ္စယောမှ ဟေတပစ္စယောပြောင်းသွားတာကို ဟေတုများဖြစ်နိုင်ကောင်းပါရဲ့လို့ပြင်ခွင့်ရပေမယ့် ဆင်ဆာထိထားတဲ့ စာအုပ်မှာပါတဲ့ စာကြောင်းများကို ဘယ်လိုများပြင်ခွင့်ရမှာတဲ့လဲ။ ပြင်ခွင့်မရမဲ့အတူတူ တရားဝင် မထုတ်တာဟာ ပိုကောင်းမယ်လို့ တွေးမိတဲ့ သမိုင်းပညာရှင်များ လက်ရေးနဲ့ရေးထားတဲ့ သမိုင်းစာအုပ်ကို စာဖတ်သူများ ဖတ်ခွင့်မရတာနဲ့ သမိုင်းမရှိတော့ဘူးလို့ ယူဆတော့မှာလား။ သမိုင်းစာအုပ်မရှိခဲ့ဘူးဆိုရင်တောင် ဖြစ်ပျက်ခဲ့တဲ့နေရာမှာ သမိုင်းကိုပြောပြနေတဲ့ သက်သေတွေ လူမျိုးများပြောနေတဲ့ စကားက သမိုင်းကိုပြောပြနေတယ်ဆိုတဲ့ သက်သေတွေကိုရော မေ့ထားလိုက်တော့မှာလား။ စာအုပ်ကိုပဲ သမိုင်းလို့ယူဆရမှာလား? သို့မဟုတ် နေရာဒေသမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့အရာများ၊ တင်ခဲ့တဲ့မှတ်တမ်း သက်သေများကိုပဲ သမိုင်းလို့ ယူဆရမှာလား? လူမျိုးတစ်မျိုးရဲ့ သမိုင်းကိုလေ့လာမယ်ဆိုရင် တည်ရှိနေတဲ့လူမျိုးတို့ရဲ့နေရာနဲ့ ပြောနေတဲ့ စကားများကိုလေ့လာတာဟာ သမိုင်းကို ပိုမိုတိကျစေမယ်လို့ယုံကြည်ပါတယ်။
လူမျိုးတစ်မျိုးလို့ သတ်မှတ်ခံရဖို့ ဆိုရင်
၁။ ကိုယ်ပိုင်ဘာသာစကား
၂။ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့
၃။ ကိုယ်ပိုင်စာပေရှိရမယ်လို့ မှတ်သားခဲ့ဖူးပါတယ်။
တကယ်ရော ဒီမူတွေဟာ လူမျိုးတစ်မျိုးကို သတ်မှတ်တဲ့နေရာမှာ တိကျတဲ့စံတစ်ခုဖြစ်ရဲ့လား? ဒါပေမယ့် လူမျိုးမရှိပေမယ့် စာပေရှိနေတဲ့အဖြစ်တွေကိုရော စာဖတ်သူများ ဘာမှတ်ချက်တွေပေးချင်ပါသလဲ။ ဆိုပါစို့ ပါဠိ ဆိုတဲ့စာပေနဲ့ လက်တင်စာပေတို့ဟာ လူမျိုးရယ်လို့မရှိပါဘူး။ စာပေကတော့ အခုထိရှင်သန်နေဆဲပါပဲ။ ပြီးတော့ စာပေနဲ့ လူမျိုးပါရှိခဲ့တဲ့ ပျူ များ မြန်မာ့မြေပေါ်က ပျောက်သွားရတဲ့အဖြစ်ကိုရောမှတ်ချက်မပေး နိုင်တော့ဘူးလား (မွန်၊ မြန်မာ၊ ပါဠိ၊ ပျူနဲ့ရေးခဲ့တဲ့ မြစေတီကျောက်စာကို ကိုးကား)။ တကယ်တော့ မူဆိုတာ ယူသင့်မှ ယူရတယ်ဆိုတာကို အထက်ကအဖြစ်အပျက်တွေက သက်သေပြနေပါတယ်။ ထားဝယ်စကားကို ပထမဆုံးလေ့လာသုတေသနပြု မှတ်တမ်းတင်ပေးခဲ့တဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး ဦးဖေမောင်တင် အဆိုအမိန့်က ထားဝယ်လူမျိုးနဲ့ ထားဝယ်စကားများ ယဉ်ကျေးမှုနဲ့ပြည့်စုံနေတယ်ဆိုတာကို ညွှန်းဆိုနေပြန်ရော။ အဆိုအမိန့်က ဒီလိုပါ။ ရှေးဟောင်း ပုဂံကျောက်စာများနှင့် ပြိုင်သော ထားဝယ်စကားသည် တိုးတက်လျက်ရှိသော ယခု မြန်မာစကားထက် နှစ်ပေါင်း (၈၀၀) ခန့်စော၍ ယဉ်ကျေးမှုသက်သေခံလျက်ရှိသည်။ ထို့ကြောင့် ကျွန်ပ်တို့သည် မြန်မာနိုင်ငံရှိ ဒေသန္တရစကားများကို တတ်အားသမျှလေ့လာကြရာ၏။ ယဉ်ကျေးမှုမဲ့သည်ဟု အထင်ခံရသော ထားဝယ်စကားသည် ယဉ်ကျေးမှုနှင့်ပြည့်ဝလျက်ရှိကြောင်း သိရသကဲ့သို့ ကျန်ဒေသန္တရဘာသာ စကားများ၌လည်း ယဉ်ကျေးမှု အချက်အလက်တွေ့ရလိမ့်မည် တဲ့။
ရိုးသားတဲ့ ထားဝယ်လူမျိုးများမှာ ကိုယ်ပိုင်စာပေမရှိခဲ့ဘူးလား? မေးဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။ တကယ်လို့သာ ကိုယ်ပိုင်စာမရှိခဲ့ဘူးဆိုရင် ထားဝယ်မှာ ရှေးကျတယ်လို့သတ်မှတ်ခံရတဲ့ သာဂရမြို့ဟောင်းတူးဖေါ်တုန်းက ရရှိခဲ့တဲ့မှတ်တမ်းတွေကိုရော ဘာစာများနဲ့ မှတ်တမ်းတင်ခဲ့ပါလိမ့်။ မြန်မာစာ မြန်မာစကားနဲ့ မှတ်တမ်းတင်ခဲ့ တယ်ပြောရင်တော့ စာရေးသူအနေနဲ့ လက်ခံဖို့ငြင်းရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ။ သမိုင်းပညာရှင် ဒေါက်တာ သန်းထွးန်ရဲ့မှတ်တမ်းလေးကို ခဏလောက်ဖတ်ကြည့်လိုက်ပါ။ ပျူနဲ့ မွန်တွေက မြန်မာတွေကို ဗုဒ္ဓဘာသာနဲ့ စာရေးနည်းပညာကို သင်ပေးခဲ့လို့ မြန်မာတွေ ခရစ်နှစ် (၁၀)ရာစုလောက်ကပဲ ဗုဒ္ဓဘာသာဝင်တွေဖြစ်လာပြီး ခရစ် (၁၁) ရာစုနှစ်မှာ စာရေးတတ်ပြီလို့ ပြောလို့ပြောနိုင်ပါတယ်။ ဒီမှာ ကျနော်ဆိုလိုတာက ယနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့ ဒေသမှာနေကြတဲ့ ပျူတွေဟာ ခရစ်နှစ် တစ်ရာစုကစပြီး စာရေးနည်းတတ်ပြီး မွန်တွေလဲ ပျူတွေနဲ့ တန်းတူ စာရေးနည်းပညာကိုတတ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျူရော မွန်ပါ ဗုဒ္ဓသာသနာဝင်မဖြစ်မီက ဗြဟ္မဏ သာသနာဝင်တွေဖြစ်ခဲ့တယ်လို့ ရှေးဟောင်းသုတေသန (Archaelogy) အများကြီးပြနိုင်ပါတယ် လို့ဆိုခဲ့တာ ကြောင့်ပါ။
ရှင်ဇလွန်ကို အေဒီ (၇၈၈)မှာ တည်ခဲ့တယ်ဆိုတဲ့မှတ်တမ်းကို ရေးခဲ့တာဟာ မြန်မာစာနဲ့ မဟုတ်တာတော့ လုံးဝသေချာသွားပါပြီ။ ဒါဆို ထားဝယ်စာ သို့မဟုတ် ပျူစာ သို့မဟုတ် မွန်စာနဲ့များ မှတ်တမ်းတင်ခဲ့လေ မလားပဲ။ မသေချာတဲ့ အတွေးတစ်ခုက စိတ်ကိုေ၀၀ါးစေပါတယ်။ သေချာတာကတော့ မှတ်တမ်းကျန်ခဲ့တယ် ဆိုတာပါပဲ။ ဘာဖြစ်လို့ ထားဝယ်လူမျိုးများမှာ စာပေမရှိတော့တာလဲ။ တကယ်ရော စာပေမရှိခဲ့တာလား။ စာပေမရှိ ပညာမတတ်ပဲနဲ့ ဘယ်လိုများ ကိုယ်ပိုင်စကားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုကို ထိန်းခဲ့ပါသလဲ။ ဒါဆို ကိုယ်ပိုင်စာပေက ဖျက်ဆီးခံလိုက်ရတာလား သို့မဟုတ် ကွယ်ပျောက်သွားတာလား။ ဒီမေးခွန်းများကတော့ စာရေးသူရဲ့ စိတ်ထဲနဲ့ နှလုံးသားထဲမှာ ထာဝရရှင်သန်နေမဲ့ အရာတွေပါပဲ။ လက်လှမ်းမီသလောက် အတွေးကိုဆွဲဆန့်ကြည့် မိတော့ စာပေမရှိပဲနဲ့ လူမျိုးလို့ သတ်မှတ်ခံရသူများ။ လူမျိုးသတ်မှတ်ပြီးမှ စာပေပေါ်ခဲ့သူများ ကမ္ဘာမှာ ရှင်သန်နေတာကိုတွေ့ရပြန်ပါတယ်။ အရှေ့တောင်အာရှမှာ စီးပွားရေး အင်အားကြီး နိုင်ငံဖြစ်တဲ့ စင်္ကာပူဟာ မလေးရှားက ခွဲထွက်ထားတဲ့နိုင်ငံဆိုတာ သမိုင်းသိသူများလက်ခံမယ်ထင်ပါတယ်။ စင်္ကာပူနိုင်ငံဆိုတာ မလေးနဲ့ တရုတ်တို့ အုပ်စိုးတဲ့နိုင်ငံဆိုရင်လဲ မှားမယ်မထင်ပါဘူး။ ၁၉၅၀ ထိ စင်္ကာပူနိုင်ငံနဲ့ စင်္ကာပူလူမျိုးဆိုတာ ကမ္ဘာမှာမရှိသေးပါဘူး။ ဒါပေမယ့် ပြောင်းလဲချင်တဲ့စိတ်နဲ့တည်ဆောက်ထားတဲ့ လူသားများဖြစ်လို့ ပြောင်းလဲရင်းနဲ့ အခုဆိုရင် ကမ္ဘာမှာ စင်္ကာပူလူမျိုးရယ် ပြီးတော့ စင်္ကာပူစာရယ်လို့ ပေါ်ပေါက်နေပြီလေ။ မလေးရှားလူမျိုးလဲ ထိုနည်းလည်း ကောင်းပါပဲ။ စာပေမရှိတဲ့လူမျိုးပါ။ စာပေမရှိလို့ အင်္ဂလိပ်စာကို အသံထွက်နဲ့ ရေးနည်းကိုထွင်ခဲ့တာမို့ အခုဆိုရင် မလေးစာဆိုတာကိုပါ ကမ္ဘာကလက်ခံနေပြီလေ။ စာပေမရှိလို့ လူမျိုးဆိုတာ လက်ခံစရာမလိုဘူးလို့ စာဖတ်သူ တွေးနေတုန်းပဲ့လား။ စာပေဆိုတာ လူမျိုးရှိမှ ပေါ်တဲ့အရာ လူတွေက အသံထွက်သင်္ကေတနဲ့ သတ်မှတ်ထားတဲ့ အရာဆိုတာကို စာဖတ်သူလက်ခံမယ်ထင်ပါတယ်။ စာပေမရှိပေမယ့် မလေးရှားလူမျိုး စင်္ကာပူလူမျိုးလို့ လက်ခံ သတ်မှတ်ထားတဲ့ စာဖတ်သူဟာ စာပေမရှိသေးပေမယ့် လူမျိုးနဲ့ စကားဆိုတာ အခုထိပြောဆိုရှင်သန်နေတဲ့ ထားဝယ်လူမျိုးများကို လူမျိုးမရှိဘူး ယဉ်ကျေးမှုမရှိဘူးလို့ ဘာလို့များ စွေစောင်းတဲ့ အသိနဲ့ကြည့်နေရတာလဲ။ ကမ္ဘာကြီးဟာ နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပါတယ်။ ပြောင်းလဲမှုနဲ့အတူ ပြောင်းလဲဖို့ကြိုးစားနေတဲ့ သူတွေထဲမှာ လူတွေပါနေတယ်ဆိုတာကို စာဖတ်သူများငြင်းနိုင်မယ်မထင်ပါဘူး။ ခေတ်နဲ့အညီ ပြေးလွှားနေတဲ့ စာဖတ်သူလူ သားများဟာ သမိုင်းတိကျတဲ့ အဖြစ်တစ်ခုကို လက်ခံဖို့ငြင်းဆန်နေဦးမယ်ဆိုရင်တော့ စာဖတ်သူဟာ ခေတ်နဲ့ အညီနေပြီး ခေတ်ကိုလက်ခံသူတစ်ယောက်မဟုတ်ဘူးလို့ပဲ ယူဆရလိမ့်မယ်ထင်ပါရဲ့။ အသိတွေနဲ့ ပြည့်စုံရုံမက ခေတ်နဲ့ပါ အညီနေနိုင်တဲ့ စာဖတ်သူများဟာ သမိုင်းနဲ့ ပြည့်စုံခြင်းမက ပြည့်စုံလွန်းလှတဲ့ ကိုယ်ပိုင်စကား ကိုယ်ပိုင်ယဉ်ကျေးမှု ကိုယ့်လူမျိုးများကို ဘာလို့တန်ဖိုးမထားနိုင်ရမှာလဲ။ ခေတ်တွေ ဒီရေလို စီးဆင်းပြီး အမြဲပြောင်းလဲသွားပေမယ့် ဘော ဘောင် ဘင် ဘီ ဘေး ဘိုး ဘ ကတည်းက စောင့်ထိန်းခဲ့တဲ့ အမျိုးသားယဉ်ကျေးမှုနဲ့ ကိုယ်ပိုင် ဘာသာစကားများကို စာဖတ်သူများရဲ့ သား မြေး မြစ် တီ တွတ် ကျွတ် ကျွတ်ဆက် ဆိုတဲ့ ဆွေခုနစ် ဆက် မျိုးခုနစ်ဆက်ထိ မပြောင်းမလဲ ဆက်လက်စီးဆင်းသွားအောင်လုပ်ဖို့က စာဖတ်သူရဲ့လက်ထဲမှာရှိနေ တယ်ဆိုတာကို မမေ့ပါနဲ့။ စာဖတ်သူဟာ သမိုင်းတစ်ခေတ်ထူထောာင်သူဆိုတာကို သို့မဟုတ် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်ရဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်သယ်ဆောင်သူဆိုတာကို မမေ့ဘူးဆိုရင် တာဝန်သိစိတ်နဲ့ ဆက်လက်တာဝန်ယူသွားဖို့ပါပဲ။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ။ ။
စာရေးသူ – ဦးဉာဏ၀ရ (၂၅၊ ၉၊ ၂၀၁၂)
လူမျိုးစကားနဲ့ စာပေ (သို့မဟုတ်) သမိုင်းကို ပြန်လည်ခံစားခြင်း အပိုင်း (၂)
လူမျိုးတစ်မျိုးမှာ သမိုင်းဆိုတာ ရှိစမြဲပါ။ သမိုင်းမရှိရင် အဲဒီလူမျိုးကို လူမျိုးတစ်မျိုးလို့ သတ်မှတ်ရတာ အတော့်ကို ခက်မှာ သေချာပါတယ်။ မြန်မာနိုင်ငံသမိုင်းမှာ ထင်ရှားခဲ့တဲ့ ဗိဿနိုး သရေခေတ္တရာတို့ သမိုင်းဟာ ပျူတို့ရဲ့ အခြေအနေကို ဖေါ်ပြနေသလို မြန်မာ (ဗမာ) လူမျိုးတို့ရဲ့သမိုင်းအစကိုတော့ ပုဂံနဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။ ပုဂံကို အနော်ရထာ တည်ထောင်ခဲ့တယ်လို့ အသိများနေပေမဲ့ တကယ်တော့ ဘုရင်အနော်ရထာ အရင်ပုဂံကို တည်ထောင်ခဲ့တဲ့မင်းက ပျဉ်ပြားမင်းပဲ့ဖြစ်ပါတယ်။ ပျူနိုင်ငံတော် ပျက်စီးသွားပြီးနောက် ပုဂံကို ပထမဆုံး မြန်မာနေပြည်တော်အဖြစ် အေဒီ (၈၄၉) ခုမှာ တည်ထောင်ခဲ့တာပါ။ မြန်မာတစ်နိုင်ငံလုံးစည်းလုံးအောင် ပူးပေါင်းပြီး ပထမမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တာကတော့ ဘုရင်အနော်ရထာပေါ့။ အဘိသိက်ခံတဲ့နှစ် အေဒီ (၁၀၄၄)ပါ။ ဘုရင်အနော်ရထာရဲ့ကျေးဇူးကြောင့် မြန်မာများ ဗုဒ္ဓဘာသာကို တရားဝင် ကိုးကွယ်ခွင့်ရခဲ့သလို သူ့ရဲ့အမြော်အမြင် ကောင်းမှုကြောင့် အေဒီ (၁၁) ရာစုမှာ မြန်မာများ မြန်မာစာကို ကိုယ်ပိုင်စာအဖြစ် စတင်သုံးစွဲခွင့်ရပြန်ပါတယ်။ မြန်မာစာကို စာအနေနဲ့ ပထမဆုံးမှတ်တမ်းတင်ခဲ့တာကတော့ ရာဇကုမာရ် ကျောက်စာ (ခေါ်) မြစေတီကျောက်စာပါပဲ။ ဒီနေရာမှာ သတိထားမိတာလေးတစ်ခုက စာပေတစ်ခုကို အများသုံးအဖြစ်တီထွင် ရတာ ပြည်သူအများ အသိအမှတ်ပြုအောင် လုပ်ရတာဟာ နှစ်အတော်များများအချိန်ယူခဲ့ရတယ်ဆိုတာကိုပါ။ ဘုရင်အနော်ရထာလက်ထက်ကတည်းက မွန်၊ ပျူ ပါဠိကို အခြေခံပြီး တီထွင်ခဲ့တဲ့ မြန်မာစာကို ဘုရင်အနော်ရထာ နောက်မင်းဖြစ်လာတဲ့ စောလူးဘုရင်နဲ့ ဘုရင် ကျန်စစ် (မင်းကျန်စစ်) တို့ လက်ထက်မှာတောင် ကျွမ်းကျင်စွာအသုံးပြုခဲ့တာကို မတွေ့ခဲ့ဖူးဘူးဆိုရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ရာဇကုမာရမင်းသားရဲ့ မြစေတီကျောက်စာက မင်းကျန်စစ် နတ်ရွာမစံခင်လေးမှ ပေါ်ပေါက်လာတာမို့ပါ။ ဘုရင်အနော်ရထာနဲ့ မင်းကျန်စစ်ရဲ့ ကျေးဇူးတရားများ နှလုံးသားထဲမှာ ပဲ့တင်ထပ်နေတုန်းပါပဲ။ သူတို့ရဲ့ ကျေးဇူးတွေကြောင့်ပဲ မှန်ကန်တဲ့ဘာသာနဲ့ စာပေများကို လေ့လာခွင့်ရခဲ့တာပဲ့လေ။ အခုလိုမျိုး လေ့လာခွင့်ရတာ ထားဝယ်သမိုင်းကို ဖတ်နိုင်တာဟာ သူတို့ရဲ့ကျေးဇူးကြောင့်ဆိုတာ ဘယ်လိုမှ မငြင်းနိုင်ပါဘူး။ မြန်မာလူမျိုးရဲ့ သမိုင်းဟာ ရှည်လျားတယ်ဆိုရမှာပါ။ ပုဂံပြည်ကြီး ပျက်စီးသွားပြီးနောက် ခေတ်အမျိုးမျိုးကို မြန်မာလူမျိုးနဲ့ မြန်မာပြည်သူများ ဖြတ်သန်းကျော်လွှားခဲ့ရပါတယ်။ မြန်မာတွေရဲ့ ခေတ်အဆက်ဆက်ကို ဒီလိုလေး မှတ်သားရဖူးပါတယ်။ ပုဂံ၊ ပင်းယ၊ အ၀ (အင်းဝ)၊ ဟံသာဝတီ၊ တောင်ငူ၊ ရွှေဘို၊ ကုန်းဘောင်၊ စစ်ကိုင်း၊ အမရပူရ၊ ရတနာပုံဆိုပြီးတော့ပေါ့။ မြန်မာများရဲ့ နောက်ဆုံးမင်းကတော့ ရတနာပုံမင်းနေပြည်စံ ဘုရင်သီပေါပါပဲ။ ပျူလူမျိုးများ မြန်မာ့သမိုင်းပေါ်က ပျောက်သွားပြီးနောက် အစားထိုး ၀င်ရောက်လာတဲ့လူမျိုးကတော့ မြန်မာ (ဗမာ) လူမျိုးများပါ။ မြန်မာလူမျိုးမှာ တိကျတဲ့သမိုင်းရှိသလို ထားဝယ် လူမျိုးမှာလဲ သမိုင်းရှိခဲ့တာပါပဲ။ လူနည်းစုရဲ့ သမိုင်းကို လူအများစုလေ့လာဖို့ဆိုတာ ခက်ခဲသလို လူနည်းစုကိုယ်တိုင်က ကိုယ့်သမိုင်းကိုလေ့လာဖို့ မေ့လျော့နေတော့ ထင်ရှားတဲ့ သမိုင်းတစ်ခုဟာ မှေးမှိန်သွားရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။ မှေးမှိန်သွားရုံပဲရှိတာပါ။ ပျောက်ပျက်သွားတာ မဟုတ်ပါဘူး။ ထားဝယ်လူမျိုးရဲ့ သမိုင်းကို တစ်ချက်လောက်ငဲ့စောင်းကြည့် လိုက်တော့ ဒီလိုလေးတွေ့ရပါတယ်။
ထားဝယ်လူမျိုး ထားဝယ်သမိုင်းကတော့ ကောဇာ (၁၁၃) အေဒီ (၇၅၁) မှာ စတင်ခဲ့တယ်ဆိုရမှာပါ။ သာဂရ နန်းတော် စတည်တဲ့ခုနှစ်ကိုပဲ အခြေတည်စတင်ယူလိုက်တာပါ။ သာဂရမြို့မတည်ခင် ဒူရကတိုင်း၊ ကလိန်အောင်မြို့ စတဲ့ မြို့များတည်ရှိခဲ့တာမှန်ပေမယ့် စာဖတ်သူများေ၀၀ါးစွာနဲ့ လက်ခံဖို့ခက်ခဲနေမှာစိုးတာကြောင့် တရားဝင်ထုတ်ခွင့်ရခဲ့တဲ့ စာအုပ်ထဲမှ သမိုင်းများကိုပဲ စာဖတ်သူများကို မြည်းစမ်းခွင့်ပေးလိုက်တာပါ။သာဂရမြို့တည် သမန္တမင်း လောင်းလျာကို သက္ကရာဇ် (၉၇) ခုနှစ် ဦးတန်းခူးလပြည့်ကျော် (၆) ရက် သောကြာနေ့ မနက် (၆)နာရီကျော်မှာ ဖွားမြင်ခဲ့တာပါ။ ဖခမည်းတော်ရဲ့အမည်တော်ကတော့ ဆင်ဖြူရှင် မဟာနရိန္ဒမင်း မြတ်ပဲဖြစ်ပါတယ်။ မင်းစည်းစိမ် (၂၃) နှစ် စံစားပြီး သက်တော် (၇၀) မှာ နတ်ရွာစံတဲ့မင်းတစ်ပါးပါ။ နတ်ရွာမစံခင် ကြုံရတဲ့အဖြစ်လေးတွေ ကြောင့် သားတော် သမန္တကို စောစောစီးစီး ထီးနန်းအပ်ခဲ့သူပါ။ ကြုံရတာလေးက ဒီလိုပါ။ သမန္တမင်းသားငယ် သက်တော် (၇)နှစ်အရွယ်မှာ စာပေကိုသင်ကြားရင်းအချိန်တွေကို ကုန်လွန်စေခဲ့ပါတယ်။ တစ်နေ့ ထူးခြားတဲ့အဖြစ်က ထင်ရှားဖြစ်ပေါ်လာခဲ့ပါတယ်။ ဘူမိဒေ၀နဂရမြို့ရဲ့ ညတစ်ညမှာ ကြာသပတေး ကြယ်တံခွန်ကြီးတလုံး တစ်လခွဲလောက်ကြာကြာ ပေါ်ပေါက်လာပါသတဲ့။ ကြာလွန်းတဲ့ ကြယ်တံခွန်ရဲ့ နိမိတ်အကြောင်းကို ဆင်ဖြူရှင် ဘုရင် မဟာနရိန္ဒမင်းကြီးက ပညာရှိအမတ်များကို မေးကြည့်တဲ့အခါ အဖြေက ဒီလိုထွက်လာပါတယ်။ ကြယ်တံခွန်ရဲ့အတိတ်နိမိတ်ကို ထောက်မျှော်ကြည့်မယ်ဆိုရင် ဘုရင်မင်းမြတ်ရဲ့ ဘေးကြုံရမယ့် ကိန်းဖြစ်တယ်ဆိုတာကို လျှောက်တင်ကြတော့ ဘေးမကြုံခင် ကုသိုလ်ခွင်မှာ ပျော်စံနေနိုင်စေဖို့ ဘုရင်နှင့်အမတ်များ အောင်သာဂရရွာမှ ပြောင်းရွှေ့လာကာ ယခုညင်းထွေးရွာအနီး တောင်ကုန်းတစ်ခုမှာ စခန်းချကြပါတယ်။ စခန်းချတဲ့အချိန်က ၀ါဆိုခါနီးမို့ ၀ါဆိုအမှတ်အသားအဖြစ် ကျောင်းဆောက်လုပ်ကြပါတယ်။ အမိန့်တော်အရ (၇)ရက်အတွင်း ဆောက်လုပ်ပြီးစီးတာနဲ့ ရသေ့၊ ရဟန်းများကို လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပါတယ်။ (အဲဒီနေရာကို အခုထိ ၀ါဆိုကုန်းလို့ ခေါ်ဆိုနေကြတုန်း ပါပဲ)။ လှူဒါန်းပြီးနောက် သားတော် သမန္တမင်း သားကို ထီးနန်းကိုခဏလွှဲအပ်ပြီး ကိုယ်တော်တိုင် ဥပုသ်ဆောင်ဝင်တော်မူပါတယ်။ သက်တော်(၇၀)မှာ ဘုရင်မင်းမြတ် နတ်ရွာစံကံတော်ကုန်သလို မိဖုရားကြီး စုမဒ္ဒီလည်း ဘုရင်နတ်ရွာစံပြီး (၂)နှစ်အကြာမှာ ဘ၀ပြောင်း ကြွေစုတေခဲ့ပါတယ်။(ဘူမိဒေ၀နဂရမြို့တော်ဆိုတာ ထားဝယ်မြို့မှ (၁၀) မိုင်အကွာ မှိုင်းကာရီမြို့(ယခု ပကာရီ ရွာ) ကိုခေါ်ပါတယ်။ စတင်တည်ထောင်သူကတော့ ရန်တပို မင်းခေါ် ရာဇာတဗိုလ်မင်း တည်ထောင်ခဲ့တာပါ။ မင်းကြီးဟာ ဘုန်းတော်အလွန်ကြီးခဲ့တာမို့ ပထမနာမည်ပျောက်ပြီး ဆင်ဖြူတော်ကိုပါ ရရှိခဲ့တာကြောင့် ဆင်ဖြူရှင် မဟာနရိန္ဒလို့ ကျော်ကြားခဲ့သူပါ။)
နန်းစံဘုရင် သမန္တမင်းက ဘူမိဒေ၀နဂရမြို့ဟာ မြေခံမကောင်းဘူးလို့ယူဆမိတာကြောင့် ပညာရှိအမတ်များနဲ့ တိုင်ပင်ကာ နန်းတော်အသစ်တည်ဆောက်ဖို့ မြေကိုရွေးကြပါတယ်။ မြေကိုရှာဖွေတွေ့ရှိပြီးနောက် သာဂရနေ ပြည်တော် ဆိုတဲ့ နန်းသစ် မြို့သစ်ကိုတည်ဆောက်ကာ ထားဝယ်သမိုင်းရဲ့အစကို ဖွင့်လှစ်ခဲ့ပါတယ်။ ထားဝယ်မြစ်ရဲ့ အနောက်ဖက်ခြမ်းကို မေးတင်လျက် (ယခု မြို့ဟောင်းရွာ) တောင်ဖက်တွင် ပဒက်ချောင်း၊ မြောက်ဖက်တွင် ဆင်ပုန်းချောင်းတို့ကို ကျုံးအနေအရံအတားပြုကာ မြေသားမြို့ရိုး မြို့တာ နှစ်ထပ်ကာရံပြီး မြို့ဝန်းအကျယ် တာ (၇၄၀)၊ တံခါးပေါက် (၄)ပေါက်၊ လမ်းမ (၄)သွယ်နဲ့ သက္ကရာဇ် (၁၁၃)မှာ တည်ထောင်ခဲ့တဲ့ သာဂရမင်း နေပြည်တော်မှာ သမန္တမင်းဟာမင်းအဖြစ် စိုးစံခဲ့ပါတယ်။ သူဟာထားဝယ်သားအားလုံးရဲ့သမိုင်းအစဖြစ်တာမို့မြန်မာများအတွက် အနော်ရထာဘုရင်ဟာမြန်မာရဲ့စံထားရာဘုရင်တစ်ပါးဖြစ်ခဲ့သလိုသမန္တမင်းကြီးဟာလဲ ထားဝယ်သားများရဲ့စံထားရာမင်းတစ်ပါးပါပဲ။ (အေဒီ (၇၅၁) မှာ တည်ထောင်ခဲ့တဲ့ သာဂရနန်းတော်ရဲ့ ခုနှစ်နဲ့ အေဒီ (၈၄၉) မှာ စတင်ခဲ့တဲ့ ပျဉ်ပြားမင်းကြီးရဲ့ မင်းနေပြည်တော် ပုဂံ ခုနှစ်ကို နှိုင်းယှဉ်ကြည့်ဖို့ မမေ့ပါနဲ့)။ စာဖတ်သူများ အနေနဲ့ ဝေး၀ါးလို့ မသွားရအောင် ထားဝယ်သမိုင်းမှာ နေရာယူစိုးစံ ခဲ့တဲ့ ဘုရင်များကိုလည်း ဆက်လက်ဖတ်ရှုပါဦး။ မြန်မာသမိုင်းမှာ ရာဇ၀င်နဲ့ မင်းအဆက်ဆက်သမိုင်းဆိုတာရှိသလို ထားဝယ်သမိုင်းမှာလဲ ရှိတယ်ဆိုတာကိုပါ သိသွားပါလိမ့်မယ်။
သာဂရမြို့ကို သက္ကရာဇ် (၁၁၃)မှာ တည်ခဲ့ပြီး သက္ကရာဇ် (၂၇၀)မှာ မြို့ပျက်ခဲ့ပါတယ်။
သာဂရမြို့ မင်းဆက်များ
၁။ သမန္တမင်း (၁၁၃-၁၂၈)
၂။ ဗညားဗလ (၁၂၈-၁၉၀)
၃။ ဗညားရံ ( ၁၉၀-၂၀၅)
၎။ ဗညားတေဆ ( ၂၀၅-၂၂၁)
၅။ ဗညာရံကင်း ( ၂၂၁-၂၄၁)
၆။ ဗညားရံစော ( ၂၄၁- ၂၅၄)
၇။ ဗညားဒိပ္ပ ( ၂၅၄-၂၇၀)
ဒုတိယအကြိမ်မြို့တည် ဇလွန်မြို့ (၃၅၇-၄၃၈)
ထိုသာဂရ မြို့ဟောင်းကို မြို့ရိုးမြို့ကာ ထပ်မံပြုပြင်၍ ဟံသာဝတီ ဗညားဦးသည် ဇလွန်မြို့ဟု အမည်သစ်ဖြင့် ထပ်မံမြို့တည်စေခဲ့ပါတယ်။
ဇလွန်မြို့ မင်းဆက်များ
၁။ ဗညားရံဆက် (၃၅၇-၃၇၃)
၂။ ဗညားတော်ခံ (၃၇၃-၃၉၅)
၃။ ဗညားရံစော (၃၉၅-၄၁၅)
၎။ ဗညားကင်းထော (၄၂၈-၄၃၈)
ထို ဇလွန်မြို့ကိုပဲ ထပ်မံပြုပြင်ပြီး တတိယအကြိမ် မြို့သစ်တည်ဆောက်ခဲ့ပါတယ်။
တတိယအကြိမ် မြို့တည် ဇလွန်မြို့ (၉၂၄-၁၁၀၅) မင်းဆက်များ
၁။ မြသပိုက် (၉၂၄-၉၂၆)
၂။ ငထွေးညို (၉၂၄-၉၃၀)
၃။ စလင်းမင်း (၉၃၀-၉၃၄)
၎။ သီပေါမင်း (၉၃၄-၉၃၇)
၅။ ရန်ကုန်မင်း (၉၃၇-၉၄၀)
၆။ နန္ဒကောဒေဘရ (၉၄၀-၉၅၅)
၇။ ဥဒိန်ဘရ (၉၅၅-၉၈၅)
၈။ တောင်ကြားမင်း (၉၈၅-၉၉၇)
၉။ စက္ကရောတ (၉၉၇-၉၉၉)
၁၀။ သမန္တရာဇ (၉၉၉-၁၀၀၅)
၁၁။ ရာဇသူ (၁၀၀၅-၁၀၁၉)
၁၂။ ဒုရင်နန္ဒသူ (၁၀၁၉-၁၀၅၃)
၁၃။ ဇေရဘ (၁၀၅၃-၁၀၅၆)
၁၄။ ရာဇသင်္ကြန် (၁၀၅၆-၁၀၅၇)
၁၅။ ပုံကြိုင်စား (၁၀၅၇-၁၀၉၉)
၁၆။ ပဘူ (၁၀၉၉-၁၁၀၂)
၁၇။ ဒုရင်စန္ဒ (၁၁၀၂-၁၁၀၂)
၁၈။ ငနဲလှ (၁၁၀၂-၁၁၀၅)
ထားဝယ်မြို့ရဲ့အရှေ့ခြမ်းကိုမေးတင်ပြီး တောင်ဖက်ဘုမ္မော်ချောင်းနှင့် မြောက်ဖက် မြောင်းပုလဲချောင်းတို့ကို ကျုံးကာရံပြီး ပတ်လည်အကျယ်အ၀န်း တာ (၂၈၄)တာ သူရဲခို (၂၅၈၃) လုံး တံခါး (၅) ပေါက် ဗဟိုလမ်းမ ( ၄) သွယ် အုတ်မြို့ရိုး မြေအ၀င် (၄) ပေခွဲ မြို့ရိုးအမြင့် (၉) ပေ မြို့ရိုးအလယ်ဗဟိုတွင်ဇိနသိရိဘုရားကုန်းတော်နှင့် တန်ဆောင်းတော်ကြီး တောင်တံခါးအနီး ဒက္ခိဏရာမတိုက် မြောက်တံခါးဝ မနီးမဝေး၌ သီပေါတိုက်၊ သီပေါတိုက်အနောက် မနီးမဝေးတွင် အနောက်တိုက်အပါဝင် မြို့တော်ကို သာယာဝတီလို့ နာမည်ပေးပြီး သက္ကရာဇ် (၁၁၁၆) မှာ ထားဝယ်မြို့ကို စတုတ္ထအကြိမ် တည်ခဲ့ပါတယ်။ ဒါကို ထားဝယ်များက ဥသြအော်သည် ထားဝယ်တည်လို့ ကဗျာနဲ့မှတ်သားခဲ့ပါတယ်။

၁။ မင်းနဲလှ (၁၁၁၆-၁၁၂၁)
၂။ ရေ၀န်ဒေ၀ဒိဗ္ဗ (၁၁၂၁-၁၁၂၂)
၃။ မင်းရှင်ဇော် (၁၁၂၂-၁၁၂၈)
၎။ မဟာနော်ရထာ (၁၁၂၈-၁၁၂၉)
၅။ ရာဇသူရကျော် (၁၁၂၉-၁၁၃၀)
၆။ နေမျိုးဇေယျသူ (၁၁၃၀-၁၁၃၈)
၇။ နေမျိုးလက်ျာဇေယျ (၁၁၃၈-၁၁၄၄)
၈။ မက္ခရာဗိုလ် (၁၁၄၄-၁၁၄၇)
၉။ ပျံချီသူရ (၁၁၄၇-၁၁၄၈)
၁၀။ ဦးမြတ်ဖြူ (၁၁၄၈-၁၁၄၉)
၁၁။ ကုလားဝန် ( ၁၁၄၉-၁၁၄၉)
၁၂။ ပျံချီသူရ (၁၁၅၀-၁၁၅၁)
၁၃။ ဦးမြတ်ဖြူ (၁၁၅၁-၁၁၅၄)
၁၄။ နတ်မီးလင်း (၁၁၅၄-၁၁၆၀)
၁၅။ မြို့ဝန်ဘဦး (၁၁၆၀-၁၁၆၆)
၁၆။ စစ်ရဲကျော် (၁၁၆၆-၁၁၆၇)
၁၇။ မြို့ဝန်ဘဦး (၁၁၆၇-၁၁၆၉)
၁၈။ ဒိုင်းဝန်မင်း (၁၁၆၉-၁၁၇၃)
၁၉။ နေမျိုးမင်းကျော် (၁၁၇၄-၁၁၇၅)
၂၀။ နေမျိုးနော်ရထာ (၁၁၇၄-၁၁၇၅)
၂၁။ ရွှေတောင်စန္ဒသူ (၁၁၇၅-၁၁၈၃)
၂၂။ မင်းကြီးကျော်စည်သူ (၁၁၈၃-၁၁၈၆)
(ဦးရွှေလုတ် မှတ်တမ်းကို အခြေပြုရေးသည်။ ထားဝယ်ဒေသဖြစ်ရပ်စဉ်များ စာမျက်နှာ ၁၁)
စာဖတ်သူများရဲ့ ထားဝယ်သားစစ်ကြောင်း ထားဝယ်လူမျိုးစစ်ကြောင်းကို သမိုင်းကပြောပြနေပါပြီ။ သက္ကရာဇ် (၁၁၃)ကနေ (၁၁၈၆) ထိ အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ထားဝယ်ဒေသ မင်းစုစုပေါင်းဟာ (၅၁) ပါးရှိခဲ့ပါတယ်။ သမန္တမင်းရဲ့ ခမည်းတော် မဟာနရိန္ဒ မင်းကိုပါ ထည့်မယ်ဆိုရင် (၅၂) ပါး ရှိခဲ့တယ်ဆိုရမှာပေါ့။
စာဖတ်သူများရဲ့စိတ်ကို ဝေး၀ါးစေမယ့် အချက်များဟာ ထားဝယ်မင်းများသမိုင်းမှာ ရှိနေတယ်ဆိုတာကို စာရေး သူသိပါတယ်။ ထားဝယ်မင်းဆက်များကို ကြည့်လိုက်ရင် မွန် နာမည်များနဲ့တူတယ်လို့ယူဆရတဲ့ နာမည်ပိုင် မင်း များ ပါနေတာကိုတွေ့ရမှာပါ။ တကယ်တော့ နာမည်ဟာ နာမည်ပါပဲ။ မွန်ပိုင် မြန်မာပိုင်ဆိုတာ မရှိလောက်ပါဘူး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က မွန်နာမည်နဲ့ပေးတယ် မြန်မာနာမည်နဲ့ပေးတယ်ဆိုတာမျိုးလဲရှိမှာ မဟုတ်ပါဘူး။ တစ်ခုတော့ ရှိပါတယ်။ အေဒီ (၁)ရာစုလောက်ကတည်းက သရေခေတ္တရာနဲ့ အပြိုင်စာရေးအတတ်ကိုပါ ကျွမ်းကျင်နေတဲ့ မွန်များကို အတုယူပြီး ထားဝယ်သားများရဲ့နာမည်ကို မွန်နာမည်အတူ ပေးခဲ့မယ်ဆိုရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လူရဲ့သဘာဝကို လေ့လာကြည့်မယ်ဆိုရင် ကိုယ်နဲ့နီးစပ်ရာ နာမည်ကြီးသူများကို အတုယူ ကိုယ်သဘောကျသူရဲ့ နာမည်များကို ယူပြီး ကိုယ့်သားသမီးများကို နာမည်ပေးတတ်တာတွေ့ရတတ်ပါတယ်။ စာပေတစ်ခုကို လေ့လာရင်း နာမည်ပေးတာနဲ့ပတ်သက်ပြီး သိရှိရတဲ့အချက်လေးကိုမျှပါရစေဦး။ နာမည်ပေးတဲ့အခါ မိဘကိုရိုသေလေးစားလို့ ပေးတဲ့နာမည်မျိုးလည်းရှိတတ်သလို အဘိုးအဘွားစတဲ့ ရှေးလူကြီးများရဲ့အလုပ်အကိုင်နဲ့ပတ်သက်ပြီး နာမည်ရှေ့မှာ တပ်ရင်း ပေးထားတဲ့နာမည်မျိုးလဲ ရှိပါတယ်။ ပြီးတော့ ကိုယ်အားကျ အတုယူရသူများကို မှီပြီး သားသမီးများကို နာမည်ပေးတာမျိုးလဲရှိပါတယ်။ ဒါကိုတော့ အင်္ဂလိပ်မှာ Stage Names လို့ သုံးတာတွေ့ရပါတယ်။ စာရေးတဲ့အခါ ကိုယ့်နာမည် သူများမသိစေချင်လို့ နာမည်ဝှက် သုံးတာမျိုးလဲရှိသလို ခေါ်ရလွယ်အောင် နာမည်ပြောင်ပေးတာမျိုးလဲ ရှိပါတယ်။ အခုခေတ်မှာဆိုရင် အင်တာနက်သုံးတာနဲ့ သုံးနေကျနာမည်ဆိုပြီးရိုက်ရတာကိုပါ တွေ့ရပါလိမ့်မယ်။ ဒါကြောင့် နာမည်နဲ့ပတ်သက်ပြီး အငြင်းပွားစရာ မရှိလောက်ဘူးလို့ပဲ ယုံကြည်ပါတယ်။ အေဒီ (၁)ရာစုမှာ ကြီးပွားနေတဲ့ မွန်များရဲ့ သြဇာလွှမ်းမိုးခံရမယ့် အဖြစ်ကိုလဲ စာရေးသူလက်ခံပါတယ်။ အင်အားကြီးသူကို အင်အားနဲသူက အားကျရ မှီခိုရတာ ထုံးစံတစ်ခုပဲ့မို့ လား။ ပြီးတော့ အနော်ရထာမင်းကိုယ်တိုင် အနိရုဒ္ဓလို့ နာမည်ကို ပြောင်းခဲ့သေးတာမို့လား။
ဥသြအော်မည် ကုန်းဘောင်တည်လို့ ကုန်းဘောင်မြို့တည်တာနဲ့ ပတ်သက်ပြီး မှတ်ရလွယ်အောင် ကဗျာလေး စပ်ဆိုထားတာကို စာဖတ်သူတို့ ရဖူးကြမှာပါ။ ကုန်းဘောင်ခေတ်ကို သက္ကရာဇ် (၁၁၁၅) မှာတည်ခဲ့တာကို မှတ် တမ်းပြုထားတဲ့ ကဗျာလေးပါ။ အဲဒီ ကဗျာလေးနဲ့ အသံတူ ကဗျာလေးက ဥသြအော်သည် ထားဝယ်တည်ပါတဲ့။ ကုန်းဘောင်ခေတ်နဲ့ ထားဝယ်မြို့တည်တာ (၁) နှစ်ပဲကွာတာကို ဖေါ်ပြနေတယ်ဆိုတာကိုလဲ စာဖတ်သူ အားလုံးသိကြမှာပါ။ ဒါပေမယ့် စာဖတ်သူများ မသိပဲ အလွယ်တကူလက်ခံလိုက်တဲ့ အဖြစ်လေးတစ်ခုလဲ စာဖတ် သူများကြားမှာ တိုးပွားသွားတယ်ဆိုတာကိုရော သတိထားမိကြပါရဲ့လား။ ဥသြအော်သည် ထားဝယ်တည်ဆိုတဲ့ ကဗျာလေးကို ရတဲ့အချိန်ကစပြီး ထားဝယ်များရဲ့စိတ်ထဲစွဲသွားတာကတော့ ထားဝယ်များပေါ်ပေါက်လာတာဟာ သက္ကရာဇ် (၁၁၁၆) ခုနှစ်ပဲဖြစ်တာမို့ ထားဝယ်လူမျိုးဆိုတာမရှိဘူး ထားဝယ်လူမျိုးဆိုတာ မြန်မာလူမျိုးထဲမှာ ပါတယ်လို့ပါပဲ။ သမိုင်းမရှိခဲ့ဘူး သမိုင်းမသိခဲ့ဘူးဆိုရင်တော့ လက်ခံစရာပါ။ ဒါပေမယ့် ဥသြအော်သည် ထားဝယ်တည် ဆိုတဲ့ကဗျာဟာ ထားဝယ်လူမျိုးရဲ့အစဖြစ်ပေါ်လာတာကို ကိုယ်စားပြုတာမဟုတ်ပဲ ထားဝယ်မြို့ တည်ခုနှစ်ကိုပဲကိုယ်စားပြုတာပါ။ ပြီးတော့သက္ကရာဇ် (၁၁၁၅)ခုနှစ်မှာမင်းပြုပြီးထားဝယ်မြို့ (သာယာဝတီ)ကိုအုပ်ချုပ်ခဲ့တဲ့မင်းနဲလှဆိုတာထားဝယ်လူမျိုးကိုကိုယ်စားပြုတဲ့နောက်ဆုံးမင်းတစ်ပါးဆိုတာကိုလဲစာဖတ်သူများရဲ့ရင်ထဲထည့်ထားသင့်ပါသေးတယ်။ဘာကြောင့် ဒီလိုပြောတယ်ဆိုတာကို စာဖတ်သူများ အတိအကျသိချင်ပါသလား။ အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း ထားဝယ်လူမျိုးများရဲ့သမိုင်းကို သက္ကရာဇ် (၁၁၃)မှာ နန်းတည်ခဲ့တဲ့ သမန္တမင်းက စတယ်ဆိုတာကို စာဖတ်သူများမှတ်မိမှာပါ။ ကုန်းဘောင်မင်းနဲ့ ခေတ်ပြိုင် နန်းပိုင်ခဲ့တဲ့ မင်းနဲလှ ဟာ ကုန်းဘောင်မင်းလောက် ဘုန်းမတောက်ခဲ့တာကတော့ အမှန်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ အယုဒ္ဓယတို့ ဟံသာဝတီနေပြည်တော်မှာ ထင်ရှားခဲ့တဲ့ ရန်ကုန် (ဒဂုံ)တို့ ကုန်းဘောင်မင်းပိုင်ဖြစ်လာတာကို ထောက်ဆခဲ့မိလို့ပါ။ ဒါကြောင့်လဲ ပဲ ကုန်းဘောင်မင်းဆက်ဖြစ်တဲ့ အလောင်းမင်း ဦးအောင်ဇေယျကို တတိယမြန်မာနိုင်ငံတည် မင်းတစ်ပါးအနေနဲ့ သတ်မှတ်ခဲ့တာပဲ့မို့လား။ အယုဒ္ဓယ ထိတောင်ပိုင်ဆိုင်ခဲ့တဲ့ ကုန်းဘောင်မင်းဟာ သေးငယ်တဲ့ ထားဝယ်ကို ပိုင်မသွားခဲ့ဘူးဆိုရင် မှားတဲ့သမိုင်းပဲဖြစ်မှာပဲ့လေ။ (အယုဒ္ဓယဆိုတာ ယခုလက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ဆို ကားစီးသွားရင် ၃ နာရီလောက် စီးရပါတယ်။ ထိုင်းနိုင်ငံရဲ့ သမိုင်းဝင်မြို့တစ်မြို့ပါ။ အဲဒီမြို့ကို အရင်က မြန်မာဆိုရင် ၀င်ခွင့်မပေးဘူးတဲ့။ မကြာခင်ကာလကမှ ၀င်ခွင့်ပေးတဲ့ မြို့တစ် ဖြစ်ကြောင်းသိရပါတယ်။ ကုန်းဘောင်မင်း တန်ခိုးထွားခဲ့တဲ့ အခြေအနေလေးကို ပြန်သုံးသပ်ကြည့်ဖို့ပါ။)
ကုန်းဘောင်မင်းလက်ထက်မှာ ထားဝယ်မင်းများ ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကျငန်းနဲ့နေဖို့၊ ထားဝယ်လူမျိုးကို ကိုယ်စားပြုတဲ့ ထားဝယ်မင်းတစ်ပါးသီးသန့်ဖြစ်ဖို့ဆိုတာ စိတ်မကူးကောင်းတဲ့အဖြစ်တစ်ခုဆိုရင် စာဖတ်သူများ လက်ခံနိုင်ပါ့မလား။ မင်းသက်(၅)နှစ်ပဲရှည်ခဲ့တဲ့ မင်းနဲလှ (ထားဝယ်လူမျိုးရဲ့နောက်ဆုံးမင်း) အဖြစ်ကို ကြည့်ရင် သိသာလွန်းတယ်ထင်ပါတယ်။ ထားဝယ်လူမျိုးရဲ့နောက်ဆုံးမင်း သက္ကရာဇ်ကိုယူပြီး ဥသြအော်သည် ထားဝယ်တည်လို့ ထားဝယ်များယူငင်သုံးစွဲနေသရွေ့ ထားဝယ်များဟာ မြန်မာလူမျိုးထဲပါတယ်လို့ ယူဆပြောဟောနေသရွေ့ ထားဝယ်သားများဟာ သမိုင်းမကျေသူ၊ ထားဝယ်လူမျိုးတစ်မျိုးရယ်လို့ ဖြစ်လာအောင် စတင်တည်ထောင်ခဲ့တဲ့ ဆင်ဖြူရှင် မဟာနရိန္ဒမင်း (သမန္တမင်း၏ ခမည်းတော်) နဲ့ ထားဝယ်လူမျိုးများ ရှေးလူကြီးလူကောင်းပါလို့ သိအောင် သက္ကရာဇ်ကို တိကျစွာပြနိုင်အောင် မှတ်တမ်းချန်ခဲ့ပေးတဲ့ သမန္တမင်းကို သစ္စာမစောင့်သိရာရောက်နေဦးမှာပါပဲ။ လူသားနဲ့ သစ္စာဆိုတာ တထပ် တည်းသွားနေတာပဲ့မို့လား။ မြတ်နိုးစရာ နှစ်သက်စရာကောင်းတဲ့ သစ္စာတရားကို လက်ကိုင်ထားပြီး ထားဝယ်လူမျိုးပါလို့ ပြောလိုက်ရင် စာဖတ်သူမှာ သိက္ခာကျစရာများဖြစ်သွားရောလာ။ သိက္ခာကျခဲ့မယ်ဆိုရင်တောင် သစ္စာကိုလက်ကိုင်ပြုပြီး ဂုဏ်ရှိစွာ သိက္ခာအကျခံလိုက်ပါ။ သစ္စာတရားဆိုတာ လူသားကိုဘယ်တော့မှ သစ္စာမဖေါက်တဲ့ တရားတစ်ခုပဲ့ဆိုတာကို စာဖတ်သူသိသွားခဲ့မယ်ဆိုရင်…….။ ခုနှစ်နဲ့ အဖြစ်တွေကိုတွေးကြည့်မိတိုင်း နှစ်ထောင်ပေါင်းမက အချိန်တွေက ကျောင်းသွားရင်း စကားပြောသံ၊ အလှူပေးရင်း သာဓုခေါ်သံ၊ လယ်ထဲသွားရင်း မိတ်ဆွေများ အော်ဟစ်သံ၊ ကျူးကျော်သူများကို တွန်းလှန်းရင်း မာန်တင်းသံ စတဲ့ စတဲ့ အသံများကို ကြားယောင်မိပြန်ပါတယ်။ ကြားမိတိုင်းလဲ သစ္စာသိ မျိုးချစ် ထားဝယ်လူကြီးများရဲ့ သတ္တိနဲ့ မျိုးချစ်စိတ်ကိုမှန်း ကြည့်ရင်း ကြက်သီးပါထမိတယ်။ လူနည်းစုဖြစ်တဲ့ ထားဝယ်လူမျိုးများဟာ (၁၁၃) ခုနှစ်ကတည်းကနေ (၁၁၂၁) နောက်ဆုံးမင်း မင်းနဲလှ ထိ လူမျိုးတစ်မျိုးအဖြစ်ရပ်တည်နိုင်အောင် တွန်းလှန်ရုန်းကန်ခဲ့တဲ့ ထားဝယ်သွေးအစစ်ကိုလဲ အားကျမိရဲ့။ တိုင်းရင်းသား လူမျိုးများ အုပ်စိုးခံရတဲ့အချိန်မှာတောင် ကိုယ့်ယဉ်ကျေးမှု၊ ကိုယ်ဘာသာ၊ ကိုယ်စကား မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်ခဲ့တဲ့ ဇာတိမာန်ကိုလဲ ချီးကျူးမိပါရဲ့။ သစ္စာစောင့်သိခြင်း၊ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးခြင်း၊ ကိုယ့်စကားကို ထိန်းသိမ်းနိုင်ခြင်း စတဲ့ဂုဏ်များဟာထားဝယ်လူမျိုးများရဲ့သင်္ကေတတစ်ခုပဲဆိုရင်စာဖတ်သူများငြင်းလေးမလားပဲ။
သမိုင်းဆိုတာ လူမျိုးတစ်မျိုးရဲ့ အသက်သွေးကြောပဲ့မို့ ကိုယ့်အသက်နဲ့ သွေးကြောကို မစတေးမိဖို့နဲ့ မဖေါက်မိဖို့ တကယ်အရေးကြီး တယ်ဆိုတာ စာဖတ်သူနဲ့ (ထားဝယ်သူ ထားဝယ်သားအားလုံးကိုဆိုလို) နောင်မျိုးဆက်သစ်များကို အသိပေးချင်ပါတယ်။ ရှေးထားဝယ်လူကြီးများ သစ္စာစောင့်ရင်း အမျိုးဂုဏ်ကို စောင့်ထိန်းခဲ့တာမို့ အခုထားဝယ်များ ရှေး ဟောင်းစကားကို သီးသန့်သင်စရာမလိုပဲ အလိုလိုတတ်နေတာကို ဂုဏ်ယူလိုက်ပါ။ ပြီးတော့ နောက်လာမယ့် မျိုးဆက်သစ် များကလဲ စာဖတ်သူများကိုအတုယူရင်း သမိုင်းဆက်ထိန်းသူများဖြစ်အောင် အသိပေးခဲ့ဖို့ဟာ စာဖတ်သူများရဲ့ တာဝန်တစ်ခုပေမို့ တာဝန်သိလို့ တာဝန်ကျေသူများဖြစ်စေချင်ပါတယ်။ နောက်မျိုးဆက်သစ်များ ထားဝယ်သမိုင်းကိုဖတ်ပြီး စာဖတ်သူများဟာ သူတို့ရဲ့အတုယူစရာ ဂုဏ်ယူစရာ ရှေးလူကြီးများအဖြစ်ခံယူ ထိုက်အောင်ကြိုးစားစေချင်ပါတယ်။
သမိုင်းပေးတာဝန်ကျေသူများဖြစ်ပါစေ။
စာရေးသူ – ဦးဉာဏ၀ရ (၂၈၊ ၀၉၊ ၂၀၁၂)
Monday, 8 October 2012
Android ဖုန်းကို Root လုပ်နည်းနှင့် + Android ဖုန်းမှာ Myanmar Fonts ထည့်နည်း
ဟိုနေ့က
ကျွန်တော့်ကို အစ်ကိုတစ်ယောက် အကူအညီ တောင်းလို့ ဒီအကြောင်းအရာလေးကို
တစ်ခြား မသိ့သေးတဲ့ သူတွေပါသိ့အောင်ဆိုပြီး Post ရေးပြီး တင်ပေးလိုက်တာပါ။
အဲဒီအစ်ကိုက သူ့ဖုန်းကို ဆိုင်မှာ မြန်မာ Fonts သွားထည့်တော့ ဆိုင်က
ပြောတယ် ။ အစ်ကို့ဖုန်းက တစ်ခြားဖုန်းတွေလို မဟုတ်ဘူး။ root လုပ်ရတာလဲ
မလွယ်ဘူး။ အရမ်းခက်တယ်တဲ့။ service ကြေး 13000 တောင်းတဲ့သူက တောင်း ၊ 15000
တောင်းတဲ့သူကတောင်းနဲ့ ။ ဘယ်ဆိုင်တွေလဲ ဆိုတာတော့ မရေးတော့ပါဘူး။
အဲဒီအစ်ကို ကိုင်တဲ့ဖုန်းက Samsung Galaxy Y GT-S5360 ပါ။ ကျွန်တော်လဲ အဲဒီ
အစ်ကိုဖုန်းကို စမ်းလုပ်ပေးရင်းနဲ့ တစ်ခြား မသိ့သေးတဲ့ သူတွေပါ
အဆင်ပြေအောင်ဆိုပြီး ရေးလိုက်တာပါ။ ပုံတွေနဲ့ သေချာ ရှင်းမပြနိုင်တာတော့
နားလည်ကြပါ။ ဒါပေမဲ့ အဆင်ပြေမှာပါ။
Root ဆိုတာ ဘာလဲ .......... ??
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ ....
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။
ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
Root ဆိုတာ ဘာလဲ .......... ??
Samsung Galaxy Y ကို Root လုပ်တာ ဒီလိုမျိုးပါဆိုပြီး ကျွန်တော်ချရေးသွားလို့ ရပါတယ်။ ဒါပေမဲ့ စာဖတ်သူတွေထဲမှာ တစ်ခြား မသိ့သေးတဲ့သူတွေ ပါခဲ့ရင် ကျွန်တော် ဘာတွေ လျှောက်ရေးထားတာလဲလို့ ထင်သွားမှာပေါ့။ ပညာရပ်တစ်ခုက သူ့ရဲ့ အခြေခံ သဘောတရားကို နားလည်ထားမှ သာလျှင် ဆက်ပြီးလေ့လာလို့ အဆင်ပြေနိုင်ပါတယ်။ အခြေခံ သဘောတရားကို သေချာမသိ့ပဲနဲ့ ဟိုဟာလျှောက်ဖတ် ဒီဟာ လျှောက်ဖတ် လုပ်နေရင်တော့ တစ်ချိန်ချိန်မှာ ခင်ဗျား တိုင်ပတ်မှာ အသေအချာပဲ ....
Root ဆိုတာ ဘာလဲတဲ့။ မူလတန်း ကလေးတောင် သိ့ပါတယ် ။ အမြစ် ပေါ့ ။ အမြစ် ဆိုမှတော့ တွေးကြည့်လိုက်ပါ။ သစ်ပင်တစ်ပင်ရဲ့ အသက် ၊ လေဒဏ် ၊ မိုးဒဏ် တွေကို ကာကွယ်ဖို့အတွက် မားမားမတ်မတ် ရပ်တည်နိုင်ဖို့အတွက် အရေးကြီးဆုံး အဓိက အစိတ်အပိုင်းတစ်ခုပေါ့။ နည်းပညာမှာတော့ ဒီ Root ဆိုတာ Linux Open Source Operation System ရဲ့ အသုံးအနှုန်းတစ်ခုပါ။ Android ဆိုတာလဲ linux ကိုအခြေခံ ဖန်းတီး ပြုလုပ်ထားတာပါပဲ။ Root ဆိုတာက Linux မှာဆိုရင်တော့ System ရဲ့ အဓိက အစိတ်အပိုင်းတည်ရှိရာ နေရာကို ပြောခြင်းဖြစ်ပါတယ်။ Android Phone တွေမှာဆိုရင်လဲ ဖုန်းတစ်ခုလုံးရဲ့ လည်ပတ်တဲ့ စနစ်ကို ထည့်သွင်းထားတဲ့ အဓိက နေရာ တစ်ခုပါ။ ဥပမာ - Windows Xp/ 7 စသည်ဖြင့် windows အသုံးပြု Computer တွေမှာဆိုရင်လဲ Windows ရှိနေတဲ့ (Eg: C:/ )နေရာမျိုးပေါ့။ အဲလောက်ဆို နားလည်မယ်လို့ ထင်ပါတယ်။
ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ ..... ??
Root ဆိုတာ ဘာလဲ ။ ဘယ်လို နေရာမျိုးလဲဆိုတာ စာဖတ်သူ သဘောပေါက်လောက်ပြီ ထင်ပါတယ်။ အဲဒီတော့ အဲလို အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊ တစ်ခုခု မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့ နေရာမျိုးကို ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user တွေ မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ?? ရှင်းရှင်းလေးပါ .. ခင်ဗျားတို့ စဉ်းစားကြည့်ပေါ့ ......
Root မလုပ်ပဲ Official သုံးနေလို့ရောမရဘူးလား။ ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ဖုန်းနဲ့ အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ ၀င်ကြည့်ချင်တယ်။ Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို အသုံးပြုချင်တယ်။ မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့ Android Version ကို Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို လူတိုင်းမက်မောတက်ကြတာပဲလေ။ ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ ကိုယ့်အတွက် အသုံးမ၀င်တာတွေက များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ Android Application တွေကလဲ အစုံပဲ။ ပေါလိုက်တာ ။ IPhone လိုပိုက်ဆံပေးပြီး ၀ယ်ထည့်စရာလဲ မလိုဘူး။ game တွေကလဲ အစုံပဲ။
စိတ်ကူးရှိတိုင်းထည့်နဲ့ ဖုန်းမှာပါတဲ့ Internal memory မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ ဖုန်းက လေးလာတယ်။ SD Card ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။ နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို Backup လုပ်ထားချင်တယ်။ မတော်လို့ ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့ Content တွေ ၊ Message တွေ စသည်ဖြင့် အများကြီးပဲ။ ပျက်တာ သွားရင်တော့ ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ ဖျောက်ထားတဲ့ SuperUser ကို ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser ဆိုတာတစ်နည်းအားဖြင့် Windows မှာလိုဆိုရင်တော့ Administrator လိုမျိုးပါ။ Android OS တစ်ခုလုံးကို စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့ စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System တစ်ခုလုံးကို စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android ကို Root လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို သဘောပေါက်မယ်လို့ ထင်ပါတယ်။
စာဖတ်သူတွေထဲက မသိ့သေးတဲ့သူတွေအတွက် Root လုပ်တဲ့အခါမှာ အသုံးပြုနေကြတဲ့ အထင်ကရ Tools လေးတွေကို ဗဟုသုတ အဖြစ် ဖော်ပြပေးလိုက်ပါတယ်။
- Z Root
- Gingerbreak
- Easy Root Tookit
- Eric Root
- CF Root
- Super one Click
- Revolutionary (HTC)
- S2 Root (Samxung Galaxy)
စသည်ဖြင့်
အများကြီး ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင် အွန်လိုင်းမှာ
မွှေနှောက်ပြီး ရှာကြည့်လို့ရပါတယ်။ Android နဲ့ပတ်သက်တဲ့ Site တွေ၊ Forum
တွေအများကြီးရှိပါတယ်။ ဒါက မသိ့သေးတဲ့ သူတွေအတွက် ဗဟုသုအဖြစ်
ရေးလိုက်တာပါ။ အဓိကကတော့ အခြေခံ သဘောတရားကို သေချာ နားလည်ဖို့ပါပဲ။
How to Root Samsung Galaxy Y GT-S5360
နိဒန်း
ပျိုးနေတာနဲ့ ဒီ ဇတ်လမ်းလေးက အခုမှ ရောက်တယ်။ Samsung Galaxy Y ကို Root
လုပ်တဲ့အခါ အပေါ်က Software တွေကို သုံးပြီး လုပ်လို့ရမှာ မဟုတ်ပါဘူး။
ဖုန်းမှာ ပါတဲ့ Recovery Mode ကိုအသုံးပြုပြီး Root လုပ်ပေးရမှာပါ။
Step
1 > ပထမဆုံး အောက်မှာ ကျွန်တော်ပေးထားတဲ့ Update.zip File ကို အရင်
Download ဆွဲလိုက်ပါ။ File Size က 2.15 MB လောက်ပဲ ရှိပါတယ်။
Downloading From MediaFire
Downloading From Sharebeast
Downloading From Ziddu
Step 2 > update.zip file ကို download ဆွဲပြီးသွားပြီဆိုရင်တော့ ဖုန်းရဲ့ SD-Card ထဲကို Copy ကူးထည့်လိုက်ပါ။ Copy ကူးပြီးပြီဆိုရင် SD-Card ကို ဖုန်းထဲကို ပြန်ထည့်ပြီး Power ပိတ်လိုက်ပါ။
Step 3 > တတိယ အဆင့်အနေနဲ့ ကျွန်တော်တို့ Recovery Mode ထဲကို ၀င်ရပါမယ်။ Recovery Mode ထဲကို ၀င်ဖို့အတွက် (Home Button + Volume up Button + Power Button ) ကို Seconds 20 လောက် ဖိနှိပ်ထားလိုက်ပါ။
Step 4 > Recovery Mode ကို ရောက်ပြီဆိုရင်တော့ Volume up and down button ကို အသုံးပြုပြီး Update From SD Card ကို ရွှေးပေးလိုက်ပါ။ ဒီနေရာမှာ Touch အလုပ်မလုပ်ပါဘူး။ Volume button နှစ်ခုနဲ့ Home Button ကို အသုံးပြုရပါမယ်။
Step 5 > SD Card ထဲရောက်သွားပြီဆိုရင် အစောက Copy ကူးထားတဲ့ update.zip file ကို ရွှေးပေးပါ။ ပြီး၇င် home Button ကို နှိပ်လိုက်ပါ။
Step 6> Root စလုပ်ပါလိမ့်မယ်။ ဘာတွေ ဖြစ်နေလဲ ကြည့်နေလိုက်ပေါ့ဗျာ။ ကျွန်တော်လည်း မမှတ်မိတော့ဘူး။ Root လုပ်တာ ပြီးသွားပြီဆိုရင် ဖုန်းကို Reboot လုပ်လိုက်ပါ။
အိုကေသွားပါပြီ ။ ဖုန်းပြန်ပွင့်လာတဲ့အခါ SuperUser စက်ရုပ်လေးရောက်နေပါ့လိမ့်မယ်။ ဒါဆို ခင်ဗျားဖုန်းကို စိတ်ကြိုက် ကလိလို့ ရသွားပါပြီ။
အားလုံးပဲ အဆင်ပြေကြပါစေ .... လေးစားစွာဖြင့် .... သူရ
ဒါကတော့ Zawgyi Font နဲ့ Keyboard ထည်းနည်းပါ
Facebook က အစ်ကိုတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ကျွန်တော် ဒီ posts လေးကို ရေးလိုက်တာပါ။
Android ဖုန်းတွေ ၊ Tablet တွေမှာ မြန်မာလို မြင်ရဖို့ဆိုတာ တစ်ကယ်တော့ မခက်ခဲပါဘူး။ အဓိက
အရေးကြီးတာကတော့ မိမိရဲ့ Android ကို Roots လုပ်ထားဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
Zawgyi Fonts ကိုထည့်တဲ့နေရာမှာ ကျွန်တော်တို့က Android System ကို လှည့်စားပြီးထည့်ပေး
ရပါလိမ့်မယ်။ သူ့ရဲ့ အဓိက System file တွေထဲကို ၀င်ပြင်ရမှာ ဖြစ်တဲ့ အတွက် တစ်ခါမှ
မလုပ်ဖူးရင်တော့ သေချာလေး ဂရုစိုက်ပြီး လုပ်စေချင်ပါတယ်။
ကျွန်တော် အဆင်ပြေအောင် အဆင့် (3) ဆင့်နဲ့ ရှင်းပြပေးပါ့မယ်။
Step (1) Installing of Root Explorer
Step (2) Installing of Zawgyi Fonts
Step (3) Installing of Frozen Keyboard
Installing of Root Explorer
ပထမဆုံး အနေနဲ့ Root Explorer ကို Install လုပ်ပါ့မယ်။ Root Explorer ဆိုတာလဲ File Mananger
Application တစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ သူ့ကို install လုပ်လဲ ဆိုတော့ Zawgyi Fonts
သွင်းတဲ့နေရာမှာ ကျွန်တော်တို့က android ရဲ့ system file ထဲကို ၀င်ပြီး ထည့်ပေးရမှာပါ။ အဲဒီအတွက်
Roots Explorer က ပိုအဆင်ပြေပါတယ်။
အရင်ဆုံး အောက်မှာ ကျွန်တော် ပေးထားတဲ့ File ကို Download ဆွဲလိုက်ပါ။ အဲဒီမှာ Myanmar Fonts
For Android ဆိုပြီး Zip File ရလာပါမယ်။
အဲဒီထဲကမှ အရင်ဆုံး Root Explorer ကို အရင်သွင်းပါမယ်။ Root Explorer ကို သွင်းဖို့အတွက် Phone
ထဲက Unknown Source ကိုဖွင့်ထားပေးဖို့ လိုအပ်ပါတယ်။
Setting > Application > Unknown Source အဲဒီလမ်းကြောင်းအတိုင်း သွားလိုက်ပါ။ Unknown
Source ကို အမှန်ခြစ်ပေးလိုက်ပါ။ တစ်ကယ်လို့ သတိပေးစာ ပေါ်ခဲ့၇င်လဲ OK သာ နှိပ်ပေးလိုက်ပါ။
Download ဆွဲထားတဲ့ File ကို phone ရဲ့ SD Card ထဲကို ထည့်ထားပါ။
ကိုယ့်ရဲ့ phone ထဲက File Manager ကိုဖွင့်ပါ။ ဒါကတော့ ဖုန်းအမျိုးအစားပေါ်မူတည်ပြီး ပုံစံ
ကွာခြားတက်ပါတယ်။ အဲဒီ File Manager ထဲကမှတစ်ဆင့် SD Card ထဲကို copy ထည့်ထားတဲ့ Root
Explorer.apk ကိုရှာပါ။ တွေ့ပြီဆို၇င် အဲဒီ .apk file လေးကို နှိပ်ပြီး install ကိုနှိပ်လိုက်ယုံပါပဲ။
ဒါဆို ကျွန်တော်တို့ Roots Explorer ကို install လုပ်လို့ ပြီးသွားပါပြီ။
Installing of Zawgyi Fonts
Zawgyi Fonts Install လုပ်ဖို့အတွက် အစောက ထည့်ထားခဲ့တဲ့ Root Explorer ကိုဖွင့်ပါ။ software
ကိုဖွင့်ဖွင့်ခြင်းမှာ Superuser Request ဆိုပြီး လာတောင်းခဲ့ရင် Allow ကိုနှိပ်ပေးလိုက်ပါ။ Root Explorer
ဖွင့်တာနဲ့ / ထဲကို ရောက်နေပါလိမ့်မယ်။ အဲဒါက Roots လို့ ခေါ်ကြတဲ့ Directory ပါပဲဗျာ။ အဲဒီထဲကမှ
မိမိရဲ့ SD Card ကိုရှာပါ။
SD Card ထဲကို ရောက်သွားပြီဆိုရင် Download ဆွဲထားတဲ့ Folder ထဲမှာ Zawgyi Fonts ဆိုတာ
ပါပါတယ်။ အဲဒီထဲက DroidSans.ttf ဆိုတဲ့ File ကိုရှာပါ။
DroidSans.ttf ကို တွေ့ပြီဆိုရင် 3 စက္ကန့်လောက်ဖိနှိပ်ထားလိုက်ပါ။
Option တစ်ခု ပေါ်လာပါမယ်။ အဲဒီထဲကမှ Copy ကိုရွှေးပြီး copy ကူးပါ။ အောက်မှာ Paste နဲ့ Cancel
ကိုမြင်ရပါလိမ့်မယ် ဘာမှ မနှိပ်မိပါစေနဲ့ ။
Phone ထဲက Back ခလုတ်ကို နှိပ်ပြီးပဲ / ကိုပြန်ရောက်အောင် ထွက်ခဲ့လိုက်ပါ။
/ ထဲကို ရောက်ပြီဆိုရင် system Folder ကိုရှာပါ။ အဲဒီ system folder ထဲကမှ fonts ဆိုတဲ့ folder ထဲကို
ထပ်ဝင်ပါ။ အဲဒီ အချိန်ကျမှ paste ခလုပ်ကို နှိပ်လိုက်ပါ။
Warning Box တစ်ခု တက်လာပါလိမ့်မယ် ။ read only ဖြစ်နေလို့ copy ကူးလို့ မရဘူးလို့ ပြောတာပါ။
အပေါ်နားက permission နေရာမှာ Mount R/W ကို တစ်ချက် နှိပ်လိုက်ပါ။ Mount R/O
ဆိုပြီး ပြောင်းသွားပါလိမ့်မယ်။ အဲဒါဆို Write လုပ်လို့ ရသွားပါပြီ ။ Paste ကို ပြန်နှိပ်လိုက်ပါ။
တစ်ကယ်တော့ DroidSans.ttf ဆိုတဲ့ နာမည်က Android Fonts ရဲ့ နာမည်ပါ။ ကျွန်တော်တို့က zawgyi
fonts ကို android fonts နဲ့ အစားထိုးလှည့်စားလိုက်တဲ့ သဘောပါ။ အဲဒီအတွက် Zawgyi fonts ဆိုတဲ့
နာမည်က DroidSans.ttf ဆိုပြီး ကျွန်တော် ပြောင်းထားလိုက်တာပါ။ စာဖတ်သူ ရှုပ်သွားမှာဆိုးလို့
ကျွန်တော် တစ်ခါတည်း ပြောင်းပြီး upload တင်ပေးလိုက်တာပါ။ အခု paste လုပ်လိုက်တဲ့အခါ Warning
box တစ်ခု ထပ်တက်လာပါလိမ့်မယ်။ DroidSans.ttf ဆိုတဲ့ Fonts က ရှိပြီးသားကြီး ဖြစ်နေပါတယ်ဆိုတဲ့
Warning ပါ။ Overwrite လုပ်မှာ ဖြစ်တဲ့ အတွက် Yes ကိုပဲ နှိပ်ပေးလိုက်ပါ။
နောက်ဆုံး အဆင့် တစ်ခု ကျန်ပါသေးတယ်။ အခု ကျွန်တော်တို့ overwrite လုပ်ပြီး ထည့်လိုက်တဲ့
DroidSans.ttf ဆိုတဲ့ Fonts ကို Permission ပေးရပါမယ်။ အဲဒီအတွက် DroidSans.ttf ပေါ်မှာ 3
စက္ကန့်လောက်ဖိထားလိုက်ပါ။ permission ကိုရွှေးပြီး အားလုံးကို အမှန်ခြစ်ပေးပါ။ ပြီးရင်တော့ ok
ကိုနှိပ်ပေးလိုက်ပါ။ အဆင်ပြေသွားပါပြီ .. အစောက ပြောင်းခဲ့တဲ့ Mount R/O ကို Mount
R/W ဖြစ်သွားအောင် ပြန်ပြောင်းပေးခဲ့လိုက်ပါ ။ မှားဖျက်မိတဲ့ အန္တရယ်က ကာကွယ်ပြီးသားရတာပေါ့ ။
အခုဆိုရင် Zawgyi fonts ကို Install လုပ်ပြီးပါပြီ။ မြန်မာလို ရေးထားတဲ့ message တွေ ၊
website တွေကို
ကြည့်လို့ ရသွားပါပြီ ။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ့်ဘာကိုယ်တော့ စာရိုက်လို့ မရသေးဘူးဗျ ။
ဘာဖြစ်လို့လဲဆိုတော့ Keyboard မထည့်ရသေးဘူးလေ ….
အခု ကျွန်တော် DroidSans.ttf ဆိုတဲ့ File ကို အစားထိုးပြီး Zawgyi Fonts ထည့်နည်းကို ပြောခဲ့ပါတယ်။
ကျွန်တော် upload တင်ထားတဲ့ download Folder ထဲမှာက DroidSansFallback.ttf ဆိုတဲ့ fonts
တစ်ခုလည်း ပါပါသေးတယ် ။ အကယ်၍ တစ်ချို့ဖုန်းတွေမှာ DroidSans.ttf ကို ထည့်လို့မှ မြန်မာလို
မပေါ်ခဲ့ဘူးဆိုရင် DroidSansFallback.ttf ကိုပါ အပေါ်က ပြောခဲ့တဲ့ နည်းအတိုင်း ထပ်ထည့်ပေးလိုက်ပါ။
DroidSans.ttf ကိုထည့်လို့ မြန်မာလို ပေါ်ခဲ့ရင်တော့ ထပ်မထည့်ပါနဲ့ ။
Zawgyi Keyboard သွင်းနည်း
Zawgyi Keyboard ထည့်သွင်းဖို့အတွက်လဲ ကျွန်တော်ပေးထားတဲ့ ထဲက FrozenKeyboard_1.1.3.apk
ကို SD Card ထဲ ထည့်ပြီး Software ကို Install လုပ်လိုက်ပါ။
Install လုပ်ပြီးသွားရင်တော့ မိမိ Phone ထဲက Setting ထဲကို ၀င်ပါ။
အဲဒီထဲမှာမှ Frozen Keyboard ဆိုတာ နှစ်ခု ပေါ်နေပါလိမ့်မယ်။ တစ်ခုက Setting အတွက်ပါ။
အရင်ဆုံး ကျွန်တော်တို့က Frozen Keyboard ကို ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် Frozen keyboard Settings
ဆိုတာ မပါတဲ့ကောင်ကိုပဲ အမှန်ခြစ်နှိပ်ပေးလိုက်ပါ။
အဲဒီမှာ သတိပေးတဲ့ message တစ်ခု ပေါ်လာပါလိမ့်မယ်။ OK ကိုသာ နှိပ်ပေးလိုက်ပါ။
ကိုယ့်ရဲ့ မြန်မာစာ keyboard က တစ်ကယ်အလုပ်မလုပ်ကို Message မှာ စမ်းရိုက်ကြည့်ပါ။
Message ပို့တဲ့နေရာကို သွားလိုက်ပါ။ အဲဒီမှာ မြန်မာလို ရိုက်ဖို့ မပေါ်သေးပါဘူး ။ စာရိုက်တဲ့
အကွက်ကလေးမှာ 3 စက္ကန့်လောက်ဖိထားပြီး Input Method ထဲကနေမှ Frozen Keyboard ကို
ရှာပြီး ရွေးပေးလိုက်ပါ။
အဲဒါဆိုရင်တော့ Keyboard ပုံစံ ပြောင်းသွားပါပြီ ။ အင်္ဂလိပ်ကနေ မြန်မာစာ ပြောင်းဖို့ အတွက်လဲ (ABC
<> ကခ) ခလုတ်ကလေးနဲ့ အလွယ်တစ်ကူ ချိန်းပြီး အသုံးပြုနိုင်ပါတယ် ။
အဲလောက်ဆို၇င်တော့ ကိုယ့်ဘာကိုယ် စမ်းလို့ အဆင်ပြေနိုင်မယ် ထင်ပါတယ် ….. သေချာ အသေးစိတ်
ရှင်းမပြနိုင်တာကိုတော့ နားလည်ပေးပါ ခင်ဗျာ … အားလုံးပဲ အဆင်ပြေကြပါစေ … လေးစားစွာဖြင့် သူရ
Subscribe to:
Posts (Atom)